Skip to main content

Apr 20, 2022

၁၉၇၃ ခုနှစ်၊ ဇူလိုင်လမှစတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော် သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေ လျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြု ရေးသားသည့် “သိမှတ်စရာ ဒီမိုကရေစီရေးရာ” မျက်နှာဖုံးဆောင်းပါးကြီးများပါဝင်သော သုတပဒေသာနှင့် လူငယ်ရေးရာစာစောင် (ဧပြီလ) ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ဖြန့်ချိလိုက်ပြီ ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊   စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့်  စေတနာရှင်အလှူ ရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့်  ဘာသာရေးကျောင်းများသို့  ဆွမ်းဆန်တော်၊  ဆီ၊  ဆား၊  ပဲ  အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို   ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏   ကြီးကြပ်ကွပ်ကဲမှုဖြင့်  တရားမဝင်ကုန်သွယ်မှုများကို   ဥပဒေနှင့်အညီ  ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့်  တိုင်းဒေသကြီး သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက  စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဧပြီ ၁၈ ရက်တွင် ပဲခူးခရိုင်၊ တောင်ငူခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ်မျိုးစုံ ၄၇ ဒသမ ၈၇၉၂ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၇၇၂၁၆၆၀) ကို လည်းကောင်း၊ ဧပြီ ၁၉ ရက်တွင် တောင်ငူခရိုင်နှင့်  ပြည်ခရိုင် သစ်တော ကြိုးဝိုင်းများအတွင်း တရားမဝင် ကျွန်းသစ် ၁ ဒသမ ၇၅၄၀ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၆၀၀) လည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၉၇၃၂၆၀) ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ကိုဗစ်-၁၉ ရောဂါကြောင့် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၏ နိုင်ငံတကာလေကြောင်း လိုင်းခရီးစဉ်များ နှစ်နှစ်ကြာ ရပ်နားထားခဲ့ပြီးနောက် ဧပြီ ၁၇ ရက်မှစ၍ နိုင်ငံတကာ ခရီးသွားများ ဝင်ရောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြန်လည်ဖွင့်လှစ်ခဲ့ရာ နိုင်ငံတကာလေကြောင်းလိုင်းဖြင့် ခရီးသွားများ တဖွဲဖွဲ ဝင်ရောက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်မှ တက္ကသိုလ်လူမှုရေးရာ ပူးပေါင်းဆောင်ရွက်မှုအသင်း (ထိုင်းနိုင်ငံ)(Association for University Social Engagement Thailand- EnT)၊ U2T အစီအစဉ်၊ အဆင့်မြင့်ပညာ၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးဌာနတို့နှင့်အတူ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အီး-အာဆီယံ စေတနာ့ဝန်ထမ်းလူငယ်အစီအစဉ် (E-ASEAN Youth Volunteer Programme -E-AYVP) ကို   ၂၀၂၂ ခုနှစ်  ဇွန် ၂၇ ရက်မှ ဇူလိုင် ၈  ရက်အထိ  Online  မှတစ်ဆင့် “ရပ်ရွာဖွံ့ဖြိုးတိုးတက်မှုနှင့်  ဆင်းရဲမွဲတေမှု လျော့ပါးရေး (Community Development and Poverty Eradication)”ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

မြန်မာနိုင်ငံတွင် အကောင်းဆုံးအပန်းဖြေနိုင်သည့် မြို့တစ်မြို့သည် ပြင်ဦးလွင်မြို့ဖြစ်သည်ဟု အားလုံးကသိရှိထားကြသည်။  ပြည်တွင်း၊  ပြည်ပခရီးသွားများ အနှစ်သက်ဆုံးမြို့ဖြစ်ပြီး ပူအိုက်သောနွေရာသီကာလတွင် လာရောက်အပန်းဖြေကြသည်။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ နေထိုင်ကြပြီး အေးချမ်းသာယာလှပသောတောင်ပေါ်မြို့လေးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးမှုသမိုင်းသည် မြန်မာတစ်နိုင်ငံလုံး ဗြိတိသျှကို လိုနီလက်အောက်သို့ ကျရောက်ခဲ့ရသည့် ၁၈၈၅ ခုနှစ် တွင် စတင်ခဲ့ရာ နှစ်ပေါင်း ၁၄၀ နီးပါး ရှည်ကြာခဲ့ပြီဖြစ်သည်။ ဦးစွာ Robusta ကော်ဖီမျိုးကို တနင်္သာရီတိုင်းအတွင်း မြိတ်၊ ထားဝယ်ဒေသများတွင် စိုက်ပျိုးခဲ့ကြခြင်းဖြစ်ပြီး ၁၉၃၀ ပြည့်နှစ် သို့ ရောက်သောအခါမှသာ Arabica ကော်ဖီမျိုးကို  ပြင်ဦးလွင်၌   စတင် စိုက်ပျိုးလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်သည့်အတွက် ပြင်ဦးလွင်၏ ကော်ဖီစိုက်ပျိုးမှုသက်တမ်းမှာ နှစ်ပေါင်း ၉၀ ကျော်ခဲ့ပြီဖြစ်ရာ ရာပြည့်တန်းသို့ဝင်လာပြီဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ပမှစက်သုံးဆီ တင်သွင်းဖြန့်ဖြူးခြင်း လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေးထိုးနှံခြင်းသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းတစ်ရပ်ဖြစ်သောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိ သူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့်  ဦးတည်အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

အနာဂတ်လူငယ်၊ လူရွယ်များ ပညာရည်မြင့်မားရေးအတွက် စာသင်ကျောင်းများ ဖွင့်လှစ်၍ စာပေသင်ကြားပေးလျက်ရှိသည်ကို လိုလားမှုမရှိသည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက် သမားများအနေဖြင့် ပညာရေးဆိုင်ရာ ရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင် ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် လူငယ်၊ လူရွယ်များအား နိုင်ငံ့ဝန်ထမ်း ပီသစွာ စာပေသင်ကြားပြသပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက် ခြိမ်းခြောက်ခြင်းများနှင့် လုပ်ကြံပစ်ခတ် သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိလာရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံကော်ဖီအသင်း (Myanmar Coffee Association) နှင့် ပြင်ဦးလွင်ကော်ဖီဥယျာဉ် (Pyin Oo Lwin Coffee Park) ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁၈ ရက်တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် ခရိုင်အတွင်းရှိ ပြင်ဦးလွင်ဘူတာ၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများအပေါ် တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

လူမှုကွန်ရက် မီဒီယာများတွင်ပျံ့နှံ့နေသော “သီလဝါဆီသိုလှောင်ကန်စခန်းများအတွင်း စက်သုံးဆီများ လက်ကျန်လျော့နည်းနေသည်” ဆိုသည့် ကောလာဟလ သတင်းအမှားများ ထွက်ပေါ် နေတာတွေ့ရှိရပါတယ်။ ယနေ့ သီလဝါသိုလှောင်ကန်စခန်းများ အပါအဝင် ပြည်တွင်း ဆီလက်ကျန် အခြေအနေမှာ ဓာတ်ဆီအနေနဲ့ ဂါလန်သန်းပေါင်း (၄၅) သန်းခန့်နဲ့ ဒီဇယ်ဆီ ဂါလန်သန်းပေါင်း (၇၀) သန်းခန့် ရှိပါတယ်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

နွေရာသီကျောင်းပိတ်ရက် ကာလများတွင် ကျောင်းသား  ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီး အလုံတပ်မြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများအတွက်ဖွင့်လှစ်သည့်  နွေရာသီကျောင်းပိတ်ရက်   ကွန်ပျူတာ အခြေခံသင်တန်း၊  အင်္ဂလိပ်စကားပြော အခြေခံသင်တန်းနှင့်ယဉ်ကျေးလိမ္မာ သင်တန်းများ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊   စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ  ဆရာ   ဆရာမများနှင့်  သင်တန်းသား ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 19, 2022

မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ  ပြင်ဦးလွင်မြို့ သာယာလှပရေး ဆောင်ရွက် ထားရှိမှုနှင့် ကန်တော်ကြီးအတွင်း ရေစီးရေလာ  ကောင်းမွန်အောင် ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးရန် ယနေ့ညနေပိုင်းက  ရေသွင်း မြောင်းအမှတ်(၂) နေရာ သို့ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်