Skip to main content

Apr 21, 2022

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standards Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အလုပ်သမား ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2022

“AHA Centre မှ တစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးဆိုင်ရာ မြန်မာလုပ်ငန်းအဖွဲ့ (Task Force)” အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ ကျန်းမာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်တို့သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ် ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စားလှယ်အဖွဲ့နှင့် ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2022

ပြည်ပမှတစ်ဆင့် ကုန်ပစ္စည်းများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင်၊ သွင်းကုန်ပါမစ် ခွင့်ပြုချက် မရှိဘဲ သင်္ဘောတင်လာခဲ့ပြီး ဆိပ်ကမ်းသို့ ကုန်ပစ္စည်းများ ကြိုတင်ရောက် ရှိနေကြောင်း စိစစ်တွေ့ရှိရပါက ယနေ့ ဧပြီ ၂၀ ရက်မှစတင်၍ ပို့ကုန်၊ သွင်းကုန်ဥပဒေဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2022

မြန်မာနိုင်ငံတွင် လူငယ်ဦးရေ အချိုးအစားမြင့်မားသည့်အတွက် “လူဦးရေဆုလာဘ်”ကို ရရှိနေသည်ဟုပင် ဆိုသည်။ လူငယ်ဟု ဆိုရာတွင် အသက်အားဖြင့် ၁၆ နှစ်မှ ၃၅ နှစ်အရွယ်။ ငယ်ရွယ် သူများဖြစ်သောကြောင့် ရုပ်အဆင်းအားဖြင့် နုပျိုသည်။ ခွန်အားကောင်းသည်။ စိတ်အားတက်ကြွသူများဖြစ်သလို စိတ်ကစားသည့် အရွယ်။ အတုမြင်အတတ်သင်သည့် အရွယ်လည်း ဖြစ်သည်။ စင်စစ်လူငယ်ဘဝသည် ၎င်း၏ ဘဝတစ်သက်တာလုံး အတွက်အရေးကြီးသည့် အချိန်အခါအပိုင်းအခြားတစ်ခုဖြစ်သည်။ လူငယ်ဘဝ၏ ကောင်းမှု ဆိုးမှုတို့က ဘဝတစ်ခုလုံးအတွက် အဆုံးအဖြတ်ဖြစ်သွားနိုင်သည်ဟူ၍လည်း ယေဘုယျအားဖြင့် ဆိုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 21, 2022

မျက်မှောက်ကာလတွင် ပြည်သူများကြား၌ စားသုံးဆီ၊ စက်သုံးဆီ၊ ငွေစက္ကူ၊ နိုင်ငံရေး စသည်စသည်ဖြင့် မမှန်မကန် ကောလာဟလသတင်းစကားများ မကြာ မကြာပေါ်ထွက် လာလေ့ရှိသည်။ ထိုအခါ ပြည်သူများကြားတွင် စိုးရိမ်ပူပန်မှုများ ရှိလာပြီး အထူးသဖြင့် ကုန်စည်ဈေးနှုန်းများ မတည်ငြိမ်မှုများရှိလာသည်ကို တွေ့ရသည်။ တချို့ကိစ္စများတွင် လတ်တလောအခိုက်အတန့် အခက်အခဲဖြစ်ခဲ့ သည်ကို အကြောင်းပြု၍ ကောလာဟလ သတင်းစကားများ ချဲ့ကားဖြစ်ပေါ်လာပြီး နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်လိုမှုများ ရှိတတ်သည်ကိုလည်း သတိပြုရမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက်အရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်း သည် GAVI HSS2 Grant (Global

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး ဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာစည်းကမ်း များကို စနစ် တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုး နှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော Astrazeneca အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (၅)သိန်း doses သည် ယနေ့နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်မှ မလေးရှားလေကြောင်းလိုင်း ကုန်တင်ယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်သည် ကမ္ဘောဒီးယားနိုင်ငံ၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်၏ ရုံးအဖွဲ့အကြီးအကဲဖြစ်သူ H.E.Dr.KUNG Phoak ဉီးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

အထူးစီးပွားရေးဇုန်များ၏ ပို့ကုန်/ သွင်းကုန်လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေး နိုင်ငံခြား ငွေကြေးအသုံးပြုခြင်းနှင့်စပ်လျဉ်းသည့် အစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့၊ နံနက် ၉ နာရီခွဲတွင် Virtual စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာန လက်အောက်ရှိ မသန်စွမ်းသက်ငယ်သင်တန်းကျောင်း၊ ရန်ကုန်တွင်ဖွင့်လှစ် ပို့ချသည့် နွေရာသီ ကျောင်းပိတ်ရက် (၁) လသင်တန်းဖြစ်သည့် မသန်စွမ်းကလေးများ လေ့ကျင့်သင်ကြား ပေးသော ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဆိုပါ ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

တတိယအကြိမ်မြောက် ဘင်းမ်စတက်စွမ်းအင်ဝန်ကြီးများအစည်းအဝေး(Third BIMSTEC Energy Minister's Meeting) ကို ယနေ့တွင် နီပေါနိုင်ငံက အိမ်ရှင်အဖြစ် ကြီးမှူးကျင်းပခဲ့ရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်သန်းဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှ Virtual စနစ်ဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ဒီကနေ့ လူမှုကွန်ရက်စာမျက်နှာများမှာ ရေးသားဖော်ပြလျက်ရှိသည့် စက်သုံးဆီများကိစ္စနှင့် ပတ်သက်ပြီး လတ်တလောဖြစ်ပေါ်နေသော ကောလာဟလများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလိုပြောကြား ထားပါတယ် - - -

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

အာဆီယံဒေသတွင်းနိုင်ငံများအတွင်း အဏ္ဏဝါ သမုဒ္ဒရာပတ်ဝန်းကျင်အား ကောင်းမွန်လာစေပြီး ရေရှည်တည်တံ့သော ငါးလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပါဝင်တက်ရောက်သည့်နိုင်ငံ များ၏ အဆင့်မြင့်အရာရှိများအကြား ဘုံသဘောတူညီချက်ကိုရယူ၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းနယ်ပယ်များကို ဖော်ထုတ်သတ်မှတ် အတည်ပြုသွားရန်ရည်ရွယ်၍ကျင်းပသည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင်အာရှနှင့် တောင်ကိုရီးယားနိုင်ငံအကြား အဏ္ဏဝါသမုဒ္ဒရာနှင့် ငါးလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဒေါက်တာအောင်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ လူသားချင်း စာနာထောက်ထားမှု အထောက်အပံ့အဖြစ် လှူဒါန်းသော ဆန်နှင့်ဂျုံတန်ချိန် ၈၀၀၀ ခန့်အား ထားရှိမည့် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာ့စက်မှုဆိပ်ကမ်းတို့တွင် အဆင်ပြေစွာ ထုတ်ယူနိုင်ရေး ဆောင်ရွက်ထားရှိမှုများကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုဇုန်ရှိ အမှတ်(၃) စက်မှုသင်တန်းကျောင်း (သာဂရ) အစည်းအဝေးခန်းမ၌ သင်တန်းကျောင်းများမှ နည်းပြ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန အရာထမ်းများ လုပ်ငန်းကျွမ်းကျင်မှုအခြေခံ သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

စက်သုံးဆီ ဈေးကွက်အတွင်း ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မှုမရှိ လုံလောက်စွာ ရောင်းချပေးမည်ဖြစ်ကြောင်း ပြည်သူများစိုးရိမ်မှု မရှိစေရန်အတွက် အရောင်းဆိုင်များနှင့် တာဝန်ရှိသည့် ဌာနများက ယနေ့ပြန်လည် ဖြေရှင်းကြသည်ကို မြင်တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ပြည်ထဲရေးဝန်ကြီးဌာန  တပ်ဖွဲ့ ဝင်/ဝန်ထမ်း၊ အရာထမ်း၊ အမှုထမ်း မိသားစုများက မြို့နယ်အသီးသီးရှိ  ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 20, 2022

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က စာပေဗိမာန်စာမူဆု၊ ကဗျာပေါင်းချုပ် ပထမဆုရရှိသည့် စာရေးဆရာမယဉ်ယဉ် (မင်းကန်) ၏ “မနွမ်းပန်းခင်းကဗျာများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်