Jul 15, 2022
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းများ တက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိသည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော ရန်ကုန်တိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံသို့ လွဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
Jul 15, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကျေးလက်နေပြည်သူများ၏ အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးသည်။
Jul 15, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့ နံနက်ပိုင်းတွင် မိတ္ထီလာမြို့ရှိ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၊ ပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ့မီးရထား၊ ကုန်းလမ်းပို့ဆောင်ရေးနှင့် မြန်မာ့စာတိုက်လုပ်ငန်းတို့၏ ရုံးလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။
Jul 15, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့ဝင်(၄)ဦးတို့သည် ဇူလိုင် ၁၁ ရက်မှ ၁၃ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင် ကျင်းပသည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ အဖွဲ့ချုပ်ကောင်စီ အစည်းအဝေး (SEAGF) Council Meeting သို့ တက်ရောက်ခဲ့သည်။
Jul 15, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။
Jul 15, 2022
ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်း၏ နှစ်ပတ်လည် အစည်းအဝေး (Annual TB Evaluation Meeting) (၂၀၂၀-၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 15, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပသည်။
Jul 15, 2022
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 15, 2022
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးနှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကြိုးဝိုင်း၊ အကွက်အမှတ် (၃၆)ရှိ (၁/၂၀၀၈) ဒီရေတောစိုက်ခင်း ဧက (၁,၀၀၀) ထိန်းသိမ်းစောင့်ရှောက်ထားမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားသည်။
Jul 15, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jul 15, 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီနှင့် မူဆယ်မြို့နယ်တို့တွင် တရားမဝင် တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 15, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Hotel Yangon ရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားသို့ တက်ရောက်၍ ဟိုတယ်ဝန်ထမ်း (၁၁၂)ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)မှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။
Jul 15, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေး(မြောက်)၊ သမဝါယမအသင်းစု ချေးငွေလုပ်ငန်းဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ (၃)ရက်နေ့ထိ သင်တန်းကာလ (၇)ရက်ဖြင့် နေ့စဉ်နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီထိ သင်ကြားပို့ချလျက်ရှိရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Jul 15, 2022
ဒူးရင်းသီးဆိုလိုက်ရင် ကြားတာနဲ့ စားချင်လာပြီဆိုတဲ့ သူတွေရှိသလို ဒူးရင်းသီးလား အနံ့တောင်မခံနိုင်ဘူး ဆိုသူတွေလည်း ရှိကြပါတယ်။ ရာသီစာဒူးရင်းသီးကို သူရဲ့အရသာကြောင့် ကြိုက်တဲ့လူအများကြီး ရှိပေမယ့်လည်း အနံ့ကြောင့် အများစုက ကြိုက်နှစ်သက်ခြင်း မရှိကြပါဘူး။
Jul 15, 2022
ယခင်က စားသုံးသူ အကာအကွယ်ပေးရေးကိစ္စများသည် မရှိသလောက် နည်းပါးခဲ့ပါသည်။ ၁၉၆၀ နောက်ပိုင်းနှစ်များတွင်မူ စားသုံးသူများအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများသည် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့မှ စတင်မြစ်ဖျား ခံလာခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံတွင် အမေရိကန်သမ္မတ John F. Kennedy သည် သမိုင်းဝင်ကြေငြာချက်အဖြစ် ထည့်သွင်းပြောကြားခဲ့ပါသည်။
Jul 15, 2022
လျှော်ဖြူပင်ကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ လျှော်ဖြူပင်သည် ရေငတ်ဒဏ်၊ ပူပြင်းသောရာသီဥတုဒဏ်ကို ခံနိုင်သော အပင်မျိုးဖြစ်သည်။ နှစ်ရှည်ပင်အမျိုးအစားတွင်ပါဝင်သော လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်အောင်မြင် လျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်ခရိုင်(၇)ခုမှ လျှော်ဖြူစိုက်ဧကပေါင်း (၂၇၆၂၃)ဧကရှိကြောင်း၊ ၎င်းစိုက်ဧက များမှ လျှော်ဖြူစေးကုန်ကြမ်း (၄၅၃၆)ဧကအား ထုတ်ယူနေကြောင်း လေ့လာသိရှိရပါသည်။ လျှော်ဖြူပင်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးသည်ထိ စိုက်ပျိုးလာကြောင်း တွေ့ရသည်။
Jul 15, 2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မုန်းချောင်းဘေးတစ်လျှောက်ရှိ မြေနုကျွန်းနှင့်ကိုင်းမြေများတွင် ဟင်းသီးဟင်း ရွက်စားပင် သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
Jul 15, 2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် “Building a fair and future Ready Marketplace for consumer in ASEAN” ဟူသော Theme ဖြင့် ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးညီလာခံ (3rd ASEAN Consumer Protection Conference) ကိုဖိလစ်ပိုင် နိုင်ငံမှအိမ်ရှင်အဖြစ်တာဝန်ယူ၍ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Jul 15, 2022
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်မှ ဝန်ထမ်းများသည် Pacific Co.,Ltd မှဝန်ထမ်းများပူးပေါင်း၍ (၁၇-၆-၂၀၂၂)ရက်နေ့ နံနက် ၁၀ အချိန်ခန့်တွင် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ မြို့မဈေးကြီးရှိ ဈေးဆိုင်များသို့ သွားရောက်၍ အလေးချိန်လျော့နည်းသော PARIS ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်းလဲလှယ်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
