Jul 17, 2022
- ဘောလ်ပင်အမျိုးမျိုး၊ လက်ကိုင်ဖုန်းအမျိုးမျိုး၊ အလံအမျိုးမျိုး၊ လက်ကိုင်အိတ်အမျိုးမျိုး၊ ကင်မရာအမျိုးမျိုး၊ မီးခြစ်အမျိုးမျိုး၊ ပန်းခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ ဗီနိုင်းစအမျိုးမျိုး၊ ပုလင်း/ဘူးအမျိုးမျိုး၊ အလံကိုင်ဆောင်ရာတွင်အသုံးပြုသည့် တုတ်နှင့် ကော်ပိုက်/ သံပိုက်များ ယူဆောင်၍ ဗိုလ်ချုပ်အောင်ဆန်းပြတိုက် အတွင်းသို့ ဝင်ရောက်ခွင့် မပြုပါ။
Jul 17, 2022
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့်ပြည်သူများ ယူဆောင်ခွင့်မပြုသည့် ပစ္စည်း (၁၀) မျိုးစာရင်း
Jul 17, 2022
အာဇာနည်ဗိမာန်၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့်ပြည်သူများ Drone ယာဉ်များယူဆောင်လာခြင်း၊ လွှတ်တင်ခြင်း မပြုလုပ်ရန် ကြိုတင်အသိပေး ကြေညာချက်
Jul 17, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ( မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင် သင်တန်း စသည့် သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်းအပတ်စဉ် ရှစ်ခု၊
Jul 17, 2022
မော်တော်ယာဉ်မောင်းနှင်သူသည် မော်တော်ယာဉ်နောက်ဆုတ်ချိန်တွင် လိုက်နာရမည့် အချက်များ (နည်းဥပဒေ ၂၉၅)
Jul 17, 2022
စာပဒေသာ ဒုတိယဆုရရှိသည့် စာရေးဆရာ ဇာတ်ညွှန်း အကယ်ဒမီ ကိုကိုလေး၏ “ဆည်းဆာရသစာတမ်းများ” စာအုပ်တွင် အသက်အရွယ် ဘဝအတွေ့အကြုံကို အခြေပြုကာ ပတ်ဝန်းကျင် အထိအတွေ့နှင့် ပေါင်းစပ်ပြီး စိတ်ဝင်စားဖွယ်အကြောင်းရပ် ဝေဝေ ဆာဆာဖြင့် ရေးဖွဲ့ထားသည်။ လောကကြီးတွင် ပတ်ဝန်းကျင်၌ ပြောလေ့ဆိုထရှိပြီး ယဉ်ပါးသော အသုံးအနှုန်းဖြင့် တွင်ကျယ်နေသော အဆိုအမိန့်၊ အပြောအဆို၊ လမ်းညွှန်အမှတ်အသားများထဲက အတွေးကို သမားရိုးကျ မှတ်တမ်းခွဲကာ မျက်မှောက်ခေတ် မြန်မာစာပေ လောကတွင် ခေတ်စားလာသော ရသဟန် စာပဒေသာအဖွဲ့ဖြင့် စုစည်းထားသောကြောင့် စာဖတ်ပရိသတ်များ ဖတ်ရှုရာတွင် ရိုးအီ မသွားသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်သည်။ ရောင်းဈေး ကျပ် ၂၀၀၀ ဖြစ်သည်။
Jul 17, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီးဈေးနှုန်းများ
Jul 17, 2022
ဒဂုံတက္ကသိုလ် သိပ္ပံဌာနများနှင့် ဂျပန်နိုင်ငံ Gifu University အင်ဂျင်နီယာ မဟာဌာနကြီး အောက်ရှိ သိပ္ပံဌာနများအကြား MoU ရေးထိုးပွဲကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ရုံးခန်း အစည်းအဝေးခန်းမ၌ ဇူလိုင် ၁၅ ရက်က ကျင်းပသည်။
Jul 17, 2022
လူသားအရင်းအမြစ်များ ပြုစုပျိုးထောင်နေသည့် လူငယ်ပရဟိတဂေဟာများမှ လူငယ်များကို ဖိတ်ကြား၍ လေ့လာရေးအစီအစဉ်များ ဆောင်ရွက်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ် (စမတောင်)နှင့် အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း(YGW)တို့မှ အုပ်ချုပ်သူ ကိုးဦးနှင့် ကျောင်းသား ကျောင်းသူ ၆၀ တက်ရောက်ကြသည်။
Jul 17, 2022
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ဦးဆောင်မှုနှင့် အတူ နိုင်ငံတစ်ဝန်းလုံး၌ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဒေသခံပြည်သူများအားလုံးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ် စနေနေ့တိုင်း တွင်လည်း မိမိတို့၏ မြို့၊ ရွာဒေသများ သန့်ရှင်းသာယာလှပရေးကို ဆောင်ရွက်လျက် ရှိကြသည်။
Jul 17, 2022
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အရာရှိ စွမ်းရည်မြှင့်သင်တန်း (၃/၂၀၂၂) ဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်း၌ ကျင်းပသည်။
Jul 17, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းနှင့်အတူ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံ သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ ကျန်းမာရေး အခြေအနေများကို မေးမြန်း၍ သာသနာတော်ဆိုင်ရာများ လျှောက်ထားသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ဆရာတော်ကြီးထံမှ ဩဝါဒခံယူကာ ဆရာတော်ကြီးအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ ငွေကျပ် သိန်း ၃၀ ဆက်ကပ်လှူဒါန်းသည်။
Jul 17, 2022
နိုင်ငံတွင်ရှိသည့် လူဦးရေနှင့် အိမ်အကြောင်းအရာများ ပြည့်စုံမှန်ကန်စွာ ရရှိထားမှသာ နိုင်ငံနှင့်ပြည်သူ အကျိုးစီးပွားအတွက် ထိရောက်စွာဆောင်ရွက် နိုင်မည်ဖြစ်သည်။ နယ်မြေဒေသများရှိ လူဦးရေနှင့်အိမ်အကြောင်းအရာများကို အစဉ်အမြဲမှန်ကန်ပြည့်စုံအောင် ကောက်ယူထားနိုင်မှသာ ဒေသခံပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့် လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
Jul 17, 2022
ဖြောင့်မတ်ခြင်းဟူသည် ကွေ့ကောက်၊ လိမ်လည်၊ လှည့်ဖြားခြင်းတို့ မရှိ၊ ပကတိရိုးသားမှန်ကန်ခြင်းပင်ဖြစ်သည်။ ဖြောင့်မတ်ခြင်းသည် လူတိုင်းတွင်ရှိသင့်သည့် ဂုဏ်ရည်တစ်ခုဖြစ်သည့် အားလျော်စွာ လူတို့အား ဖြောင့်မတ်ရန်၊ လွန်စွာဖြောင့်မတ်ရန် ဗုဒ္ဓမြတ်စွာဘုရားက သွန်သင်ဆုံးမတော်မူခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရယူရာတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ် ပွင့်လင်းသော ဦးဆောင်မှုကိုယုံကြည်၍ တိုင်းရင်းသားခေါင်းဆောင်များ တညီတညွတ်တည်း လိုက်ပါခဲ့ ကြခြင်းဖြစ်သည်။
Jul 16, 2022
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မြန်မာနိုင်ငံအတွင်းရှိ အစိုးရစာသင်ကျောင်းများ၌ ကျောင်းတက်ရောက်ခြင်းမပြုလုပ်စေရန်နှင့် အစိုးရ၏ ပညာရေးစနစ်ပျက်ပြားစေရန် ရည်ရွယ်၍ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော NUG မှ အဖွဲ့ဝင်တရားခံပြေး ဇော်ဝေစိုးနှင့် ဂျာထွယ်ပန် တို့သည် Kaung For You တရားမဝင်ပညာသင်ကြားမှုအစီအစဉ်အား Online စနစ်ဖြင့် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။
Jul 16, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှ တစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက် ရှိပါသည်။
Jul 16, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၌ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေး ကားလမ်းအတိုင်း မောင်းနှင်လာသည့် မော်တော်ယာဉ်တစ်စီးအား PDF အမည်ခံအကြမ်းဖက် သမားများက လက်လုပ်မိုင်း၊ လက်နက်ငယ်များဖြင့် ဖောက်ခွဲပစ်ခတ်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးကာ အမျိုးသား ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Jul 16, 2022
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ KBZ ဘဏ်ခွဲအမှတ်(၄၂) စက်မှုပန်းခြံ ဘဏ်ခွဲမှ ငွေကျပ်သိန်း ၁၃၅၀ ခန့်အား အမျိုးသား ၂ ဦးက ဇူလိုင်လ ၁၅ ရက် နေ့လယ်ပိုင်းက သေနတ်ပြခြိမ်းခြောက်ကာ လုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။
Jul 16, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Novosibirsk မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် Novosibirsk အစိုးရအဖွဲ့ အကြီးအကဲ Mr. Andrey Alexandrovich Travnikov နှင့် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံဆွေးနွေးသည်။
Jul 16, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်း နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ ပူကောဗာ အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတဆင့် Novosibirsk မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ စိန့်ပီတာ စဘတ်မြို့အစိုးရအဖွဲ့မှ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။
