နေပြည်တော် ဇူလိုင် ၁၅
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဦးမောင်းဟာ၊ ဦးစိုင်းလုံးဆိုင်၊ ဒေါက်တာ ဗညားအောင်မိုး၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူနည်းပြများ၊ အားကစားသမားများနှင့် ပိုက်ကျော်ခြင်း အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ယနေ့တွင် ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ် အမျိုးသား (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ အမျိုးသမီး (၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းက ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း ယှဉ်ပြိုင်အနိုင် ရရှိခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပရာ အမျိုးသား(၂)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မန္တလေးတိုင်းဒေသကြီးအသင်းနှင့် တတိယဆု ရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့အား တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က လည်းကောင်း၊ ပထမဆုရရှိခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းအား ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က လည်းကောင်း။
အမျိုးသမီး(၂)ယောက်တွဲ အဖွဲ့လိုက် ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် မွန်ပြည်နယ်အသင်းနှင့် တတိယဆုရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လည်းကောင်း၊ ပထမဆုရရှိခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ထို့နောက် အမျိုးသား(၃)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် နေပြည်တော်ကောင်စီနယ်မြေအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က လည်းကောင်း၊ အမျိုးသား(၂)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကချင်ပြည်နယ်အသင်း၊ ဒုတိယဆုရရှိသည့် မွန်ပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် နေပြည်တော်ကောင်စီ နယ်မြေအသင်းတို့ကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသား(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် နေပြည်တော်ကောင်စီနယ်မြေအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးက လည်းကောင်း၊ အမျိုးသမီး(၃)ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းတို့ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးစိုင်းလုံးဆိုင်က လည်းကောင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြသည်။
ဆက်လက်၍ အမျိုးသားတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်းဟာက လည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် Jeng Phang နော်တောင်က လည်းကောင်း၊ စုပေါင်းတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးသွားသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းကို နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က လည်းကောင်း တံခွန်စိုက် ဒိုင်းဆုများကို ပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၁၅ ရက်အထိ ၀ဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၅ သင်းနှင့် အမျိုးသမီးအသင်း ၁၃ သင်းတို့မှ ပြိုင်ပွဲဝင် အားကစားသမား ၃၆၈ ဦးတို့သည် အမျိုးသား(၂) ယောက်တွဲ (၃)ယောက်တွဲ အသင်းလိုက်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး (၂)ယောက်တွဲ၊ (၃) ယောက်တွဲ အဖွဲ့လိုက်ပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်