Skip to main content

Jun 11, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဇွန် ၈ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းအကောက်ခွန်ဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်တောင်းတံတားနှင့်ညောင်ခါးရှည်အကြား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်နေစဉ် မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀၀)ကို အကောက် ခွန်လုပ်ထုံးလုပ်နည်းအရလည်းကောင်း၊ ဇွန် ၉ ရက်နှင့် ၁၀ ရက်တို့တွင် သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က တောင်ငူခရိုင်နှင့် ပြည်ခရိုင်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၁၄ ဒသမ ၉၅၇၀)တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၅၃၁၈၄၀၂)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၄၁၈၄၀၂ ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရေတာရှည်ရပ်ကွက် အာဇာနည်လမ်းရှိ အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံးသို့ရောက်ရှိကာ ကွပ်ကဲရေးရုံးအတွင်း၊ အပြင်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သွေးဆေးကန် ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ကြီးမှူးကျင်းပသော ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ(ဖိုရမ်)ကို ဆက်လက်ကျင်းပရာ ဇွန် ၉ ရက်နံနက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပါရှိသည့် ဒီမိုကရေစီဖက်ဒရယ်စနစ်ဆိုင်ရာ အချက်အလက်များ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ နည်းဥပဒေများပါ တိုင်းရင်းသားများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် တိုင်းရင်းသားအရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်ကဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို ဆွေးနွေးဟောပြောပို့ချသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူရေး၊ ပျက်စီးဆုံးရှုံးမှုအတည်ပြုရေးနှင့် လိုအပ်ချက်များ ဆန်းစစ်ဖော်ထုတ်ရေးလုပ်ငန်းကော်မတီ (၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) တက္ကသိုလ်/ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါ တက္ကသိုလ် ရတနာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မဟာပညာရေးဘွဲ့နှစ်နှစ်သင်တန်းနှင့် ပညာရေးဘွဲ့ငါးနှစ်သင်တန်းတို့မှ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် စာပေသင်ကြားနေမှု၊ တက္ကသိုလ်စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများနှင့်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ရုပ်ရှင်၊ ဂီတ၊သဘင် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းစ်တက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေး ဌာနဂုဏ်ထူးဆောင်ပါမောက္ခ ကာဒီဂျက်ဆန်ကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးဆောင်ရွက်သည့် ပခုက္ကူဦးအုံးဖေတည်ထောင်သော ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း အစည်းအဝေးခန်းမ၌ ကျင်းပရာ အသင်းဥက္ကဋ္ဌနှင့် ပခုက္ကူစာပေဆု ရန်ပုံငွေကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ ပခုက္ကူစာပေဆုရန်ပုံငွေ ကြီးကြပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးသိန်းခိုင်ဦး(ပခုက္ကူမြို့ကိုယ်စားလှယ်)နှင့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)၊ အတွင်းရေးမှူး ဦးညွန့်တင်(မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့်အဖွဲ့ဝင်များ၊ စာပေဗိမာန် စာတည်းမှူးချုပ် ဦးတိုးကျော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

မြန်မာ့ရိုးရာ ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် စိစစ်တည်းဖြတ်မှုအောင်မြင်ပြီးဆုံးခြင်း အထိမ်းအမှတ်နှင့် တက္ကသိုလ်လေးခုရှိ ဆရာတော်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) သီတဂူ သံဝေဇနိယဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေရှိနေသည်ဖြစ်စေ စီးပွားရေးလည်ပတ်ကောင်းမွန်မှသာ ပြည်သူများဘဝ ရပ်တည်ရှင်သန်နိုင်မည်ဖြစ်သည်။ သမိုင်းတွင် အစိုးရနှင့် ပြည်သူ ပြည်သားများသည် စစ်အတွင်းကာလ၌ပင် စီးပွားရေးအတွက် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ စီးပွားရေးသည် အရာရာကိုဖန်တီးဖြေရှင်းနိုင်သဖြင့် စီးပွားရေးကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 11, 2022

နိုင်ငံတစ်ဝန်းလုံး၌ ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း အခြေခံပညာ ကျောင်းသား ကျောင်းသူ ၅၆ သိန်းကျော်တို့ ကျောင်းအပ်နှံခဲ့ကြပြီးနောက် ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့မှ စတင်ကာ အခြေခံပညာကျောင်းများ ဖွင့်လှစ်၍ ပညာသင်ကြားနေကြပြီဖြစ်သည်။ သို့ရာတွင် မိဘများက မိမိတို့၏သားသမီးများကို ကျောင်းအပ်နှံလိုကြပြီး ကျောင်းသူကျောင်းသားများကလည်း ကျောင်းတက်လိုပါလျက်၊ ဆရာ ဆရာမများကလည်း သင်ကြားပေးလိုပါလျက်နှင့် ကျောင်းမဖွင့်နိုင်သေးသည့် ဒေသများရှိနေကြသည်။ ထို့အပြင် ကျောင်းများကို ဗုံးခွဲ၊ မိုင်းခွဲ၊ မီးရှို့ တိုက်ခိုက်မှုများ၊ ဒရုန်းယာဉ်ဖြင့် ဗုံးချတိုက်ခိုက်မှု၊ ကျောင်းသုံး စာအုပ်များကို ဖျက်ဆီးမှု၊ လုယက်မှု၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများကို အကြမ်းဖက်သတ်ဖြတ်မှု၊ ခြိမ်းခြောက်နှောင့်ယှက်မှု၊ ကျောင်းသူကျောင်းသားနှင့် မိဘများကို ခြိမ်းခြောက်မှုစသည်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များက ပိုမိုတိုးမြှင့် လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ ကျောင်းများ မဖွင့်နိုင်ခြင်း၊ ကျောင်းသူကျောင်းသား ကလေးငယ်များ ပညာသင်ကြားခွင့်ဆုံးရှုံးရခြင်းတို့က လက်ရှိအစိုးရကို ဘာမှမထိခိုက်နိုင်သော်လည်း ကလေးငယ်များ၏ အနာဂတ်နှင့် နိုင်ငံ၏အနာဂတ်ကို များစွာထိခိုက်နစ်နာစေနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2022

၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၇၉ ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၅၊ ၁၂၉ နှင့် ၁၃၀၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၊ အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီ လုံခြုမှုနှင့်ထိရောက်သော ငွေပေးချေမှုများအားဆောင်ရွက်နိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ် (၁၈)ဘဏ်၊ အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၀)ဘဏ်၊ မိုဘိုင်းငွေပေးချေမှု (Mobile Pay) ဆောင်ရွက်ရန် ဘဏ်(၈)ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း (၅) ခု ၊ Transportation Card နှင့် Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း (၇) ခုနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၄)ခုကို ခွင့်ပြုထားပြီး‌ ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2022

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်ဖြစ်သည့် မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကျောင်းဝတ်စုံ၊ ကျောင်းသုံးဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို နိုင်ငံတော်အစိုးရမှ အခမဲ့ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို အင်တိုက်အားတိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ လူနာပို့ပြီးပြန်လာသည့် လူနာတင်ယာဉ်အား အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ယာဉ်ပေါ်ပါ အမျိုးသား ၁ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jun 10, 2022

ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း၊ သွားလာမှုခက်ခဲခြင်းကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံသား မျိုးဆက်သစ်လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကိုရှေးရှု၍ သင်ကြားရေးတာဝန်ကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ ၇-၆-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်ဖိတ်ခေါ်ခဲ့ရာ ဆရာ၊ ဆရာမ (၂၉၆၀)ဦး ဆက်သွယ်သတင်းပို့ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်