Skip to main content

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

နေပြည်တော် နိုဝင်ဘာ ၁၄

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်မှ “တနင်္သာရီတိုင်းဒေသကြီး မြိတ် - ထားဝယ် ကားလမ်းဘေးရှိ ပုလောမြို့နယ်သို့ လျှပ်စစ်မီးပေးပို့လျက်ရှိသည့် လျှပ်စစ်ဓာတ်တိုင်များအား PDF အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးမည်ဖြစ်သည်။

လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “ဘယ်လိုဖျက်ဖျက် မပျက်တဲ့တန်ဆောင်တိုင် ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူ ပရိသတ်များအနေဖြင့် အပတ်စဉ် ကြာသပတေးနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့် ပါဝင်လာသည့် ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက် ပေးထားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်