Skip to main content

ကမ္ဘာ့သမိုင်းဝင်မြို့တော်များညီလာခံ တက်ရောက်ရန် မြန်မာကိုယ်စားလှယ်အဖွဲ့ထွက်ခွာ

ရန်ကုန် နိုဝင်ဘာ ၁၃

ကိုရီးယားသမ္မတနိုင်ငံ အင်ဒုံမြို့တော်ဝန်၏ ဖိတ်ကြားချက်အရ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ အင်ဒုံမြို့ အင်ဒုံအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန၌ နိုဝင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိကျင်းပမည့် (၁၈) ကြိမ်မြောက် ကမ္ဘာ့သမိုင်းဝင်မြို့တော်များညီလာခံ (18th World Conference of Historical Cities) သို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့မှ ကိုရီးယားသမ္မတနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒုတိယမြို့တော်ဝန် ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါကမ္ဘာ့သမိုင်းဝင် မြို့တော်များ ညီလာခံကို အင်ဒုံမြို့တော်နှင့်အတူ သမိုင်းဝင်မြို့တော် များအဖွဲ့ ( The League Of Historical Cities- LHC) က ပူးတွဲကျင်းပခြင်းဖြစ်ပြီး LHC သည် ၁၉၈၇ ခုနှစ်မှစတင်၍ ဖွဲ့စည်း ထူထောင်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ကာ အနာဂတ်မျိုးဆက်သစ်များအတွက် ငြိမ်းချမ်းရေးပုံပေါ်လာစေရန်နှင့် လူသားအမွေအနှစ်နှင့် သမိုင်းဝင်မြို့တော်များကို ထိန်းသိမ်းမြှင့်တင်ပေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ရှေးဟောင်းသမိုင်းအမွေ အနှစ်များအပြင် သမိုင်းကြောင်း အရလည်းကောင်း၊ ထူးခြားသည့် ကိုလိုနီခေတ် ဗိသုကာလက်ရာများအရ အရှေ့တောင်အာရှ၏ မြို့ပြအမွေအနှစ် အဆောက်အအုံ များစွာပိုင်ဆိုင်ထားခြင်းကြောင့် LHC ၏ အဖွဲ့ဝင်မြို့ဖြစ်သည့် ရန်ကုန်မြို့အား မြန်မာနိုင်ငံ၏ အမွေအနှစ်များနှင့် သမိုင်းဝင်အရင်းအမြစ်များကို ထိန်းသိမ်း စောင့်ရှောက်မှုနှင့် အစိုးရမူဝါဒများကို လေ့လာမျှဝေနိုင်ရန် ဖိတ်ကြားခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှ ကော်မတီရုံးဌာနမှူး ဦးဉာဏ်လင်းစိုးနှင့် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) ဌာနမှူး ဦးလင်းခိုင်တို့ လိုက်ပါသွားကြောင်း သိရသည်။

သတင်းစဉ်