Skip to main content

ရာဇဝတ်အထူးအယူခံမှု (၄) မှု၊ တရားမအထူးအယူခံမှု (၅) မှုစီရင်ချက်ချမှတ် တရားမအထူးအယူခံမှု (၄) မှု ရုံးထိုင်ကြားနာ

နေပြည်တော် နိုဝင်ဘာလ ၁၄

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးအောင်ဇော်သိန်း၊ ဦးမျိုးမောင်၊ ဦးတင်ဟုန်၊ ဦးသိန်းကိုကို တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှု အမှတ် ၃/၂၀၂၂(ဧရာဝတီ)၊ ၄/၂၀၂၂(ရန်ကုန်)၊ ၅/၂၀၂၂ (ရန်ကုန်)၊ ၆/၂၀၂၂ (ရန်ကုန်) စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၄) မှုနှင့် တရားမအထူးအယူခံမှုအမှတ် ၁၀/၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၂ (ရခိုင်)၊ ၂၅/၂၀၂၂ (ရန်ကုန်)၊ ၂၈/၂၀၂၂ (မန္တလေး)၊ ၂၉/၂၀၂၂ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှု အမှတ် ၁၅/၂၀၂၁(ရန်ကုန်)၊ ၂/၂၀၂၂(ရန်ကုန်)၊ ၂၃/၂၀၂၂ (ရန်ကုန်)၊ ၃၁/၂၀၂၂ (ရခိုင်) စုစုပေါင်း တရားမအထူးအယူခံမှု (၄) မှုတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင်ကြားနာခဲ့ကြောင်း သိရသည်။

သတင်းစဉ်