Skip to main content

Feb 05, 2024

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့မွန်းလွဲ ပိုင်းတွင် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာန ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ယာယီတိုက်ပွဲရှောင် အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ (၃၃) နှစ်မြောက် နှစ်ပတ်လည် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ထူးချွန်ဆုရရှိသူ ဝန်ထမ်းများအား ကြိုဆိုဂုဏ်ပြုပွဲအခမ်း အနားကို ယနေ့ညနေပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 05, 2024

နိုင်ငံတော်ကို ကာကွယ်လျက်ရှိသည့်၊ တပ်မတော်ကို ထိရောက်စွာပံ့ပိုးပေးလျက်ရှိသည့် လက်ရုံးအဖွဲ့များတွင် အမြောက်တပ်ဖွဲ့လည်းပါဝင်သည်။ စတင်သန္ဓေ တည်ချိန်မှစ၍ ယနေ့ထက်တိုင်ပေးအပ်သောတာဝန်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အကောင်းဆုံးကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့သည့်အတွက် အမြောက်တပ်ဖွဲ့၏ (၇၅) နှစ်မြောက်စိန်ရတုနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုပြောကြားခဲ့သည်

ဆက်လက်ဖတ်ရှုရန်

Feb 05, 2024

မြန်မာနိုင်ငံသည် နယ်နိမိတ်အကျယ်အဝန်းအားဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်သည်။ အာရှတိုက်ပင်မကုန်းမြေကြီးတွင် တည်ရှိနေသည့် အရှေ့တောင်အာရှနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်မူ အကြီးဆုံးနိုင်ငံဖြစ်သည်။ သို့ရာတွင် ကမ္ဘာ့နိုင်ငံများနှင့်နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် နိုင်ငံငယ်တစ်ခုမျှသာ။ ကမ္ဘာ့မြေပုံပေါ်တွင် သေးငယ်လှစွာသော နိုင်ငံလေးတစ်နိုင်ငံအနေဖြင့် ပြည်တွင်းအင်အားဖြစ်သည့် နိုင်ငံရေးအင်အား၊ စီးပွားရေးအင်အား၊ ကာကွယ်ရေးအင်အားတို့ကို အခိုင်အမာတည်ဆောက်၍ နိုင်ငံထာဝရတည်တံ့စေရန် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ကြိုးပမ်းနေဖို့လိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ကယားပြည်နယ်၊ လွိုင်ကော်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ၂၀ ဦး လွတ်ရက်စေ့သော်လည်း အကျဉ်းထောင်မှ လုံခြုံရေး အကြောင်းပြချက်ဖြင့် ပြန်လည်လွှတ်ပေးခြင်းမရှိဘဲ မတရားဆက်လက်ဖမ်းဆီးထားကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ‌မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာကို ဖေဖော်ဝါရီ ၃ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးရှို့ဖျက်ဆီးနေသည့်အတွက် ၎င်းကျေးရွာအနီးရှိ ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်းနှင့် မတူပီမြို့နယ်၊ ချန်းပြန်းကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့က ၎င်းကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရသောကြောင့် ချန်းပြန်းကျေးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒ ဖြန့်နေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးစောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက်ရာတွင် ပြည်သူများလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုကို လက်လှမ်းမီရရှိခြင်းဖြင့် ရောဂါကင်းဝေး၍ သက်တမ်းစေ့နေထိုင်နိုင်စေရေး သက်ဆိုင်ရာပါမောက္ခ/ အထူးကုဆရာဝန်ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သောကုသမှုများရရှိနိုင်စေရန် ရန်ကုန်/ မန္တလေး/ နေပြည်တော်မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်သို့ သွားရောက်ကာ လေကြောင်းလိုင်းများမှတစ်ဆင့် ခရီးသွားလာလည်ပတ်လျက်ရှိသော ပြည်တွင်းပြည်ပခရီး သွားဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဆိုင်ရာ အချက်အလက်များ၊ ခရီးသွားဆွဲဆောင်မှုများနှင့် ခရီးသွားဧည့်သည်များ သိရှိလိုသည့် သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင်ရန်အတွက် လေဆိပ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသည့် သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 04, 2024

(၂၄) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် စိုက်ပျိုးရေး သုတေသနဦးစီးဌာန၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ စိုက်ပျိုးရေးတက္ကသိုလ် ဆရာ ဆရာမများ၊ ဒက္ခိဏသီရိမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များက အွန်လိုင်းဖြင့် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်