Skip to main content

Nov 12, 2022

အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်၍ အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီအစည်းအဝေး (၂/၂၀၂၂)ကို ယနေ့နံနက် ၁၀ နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများနှင့်လူငယ်လူရွယ်များ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အစိုးရ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဒေသဖွံ့ဖြိုးရေးနှင့် အခြားဆောင်ရွက်ချက်များကို သိရှိစေရန်နှင့် အသိပညာဗဟုသုတများ ရရှိစေရန် ကြည့်ရှုလေ့လာနိုင်စေရေး ဌာနဆိုင်ရာ ပြခန်းများအား ကရင်ပြည်နယ် ဘားအံမြို့ရှိ သီရိကွင်းတွင် ခင်းကျင်းပြသသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၉/၂၀၂၂)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

SIM Card များ မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပေးကြေညာချက်

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စိန်ရတုလွတ်လပ်ရေးနေ့ ဧည့်ခံပွဲနှင့် ညစာစားပွဲကျင်းပရေး လုပ်ငန်းကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များ အမြင်ချင်းဖလှယ်ဆွေးနွေး နေပြည်တော် နိုဝင်ဘာ ၁၁ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ဂရက် ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့မှ ညွှန်ကြားရေးမှူး SHATIROV Alexander Sergeevich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှခံစားနိုင်မည့် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုများ ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စု၏ အဓိကလိုအပ်ချက် ဖြစ် သည့် ငြိမ်းချမ်းရေးကို ခိုင်မာသည့်သန္နိဋ္ဌာန်ဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ တစ်ချိန်တည်းတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို မျက်ခြည်မပြတ် အားစိုက်ဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Nov 12, 2022

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေရန်အတွက် ပုံမှန်ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုပြုလုပ်ရန်လိုသည်။ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုဟုဆိုရာတွင် (၁) သက်လုံကောင်းမှု၊ (၂)ကြွက်သား သန်မာမှု၊ (၃) ခန္ဓာကိုယ်ဟန်ချက်ထိန်းသိမ်းနိုင်မှု၊ (၄) ခန္ဓာကိုယ်ပျော့ပျောင်းမှု ဟူသော အကျိုးများ ရရှိနိုင်စေရန်အတွက် ဆိုင်ရာဆိုင်ရာလေ့ကျင့်ခန်းများကို အစီအစဉ်ဖြင့် စနစ်တကျပြုလုပ်ကြခြင်း ဖြစ်သည်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများက ကျန်းမာရေးအတွက် အကျိုးဖြစ်ထွန်းစေသည်ဆိုခြင်းကို သိရှိထားကြသည့်တိုင် လက်တွေ့တွင် မလုပ်နိုင်၊ မလုပ်ဖြစ်ကြသည်က များသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် လက်ပံလှ-စဉ့်ကူး ယာယီစစ်‌ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်‌ဆေးမှုများဆောင်ရွက်ခဲ့ရာ

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်မည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများကို နေပြည်တော်၌ အားကစားနည်း(၁၁)နည်းနှင့် ရန်ကုန်မြို့၌ အားကစားနည်း(၆)နည်းတို့ဖြင့် စခန်းသွင်းလေ့ကျင့်မှုများကို စနစ်တကျပြုလုပ် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားရာသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်ရေး၊ မဲရုံများလျာထား ခြင်းနှင့် မဲရုံသုံးပစ္စည်းလိုအပ်ချက်များ စစ်ဆေးခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တောင်ပိုင်း ခရိုင် ဆိပ်ကြီးခနောင်တိုမြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ပညာရေးမှူး၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီအဖွဲ့ဝင်ဝန်ကြီးများ၊ အာဆီယံစွမ်းအင်ဝန်ကြီးများ၊ အာဆီယံသယ်ယူ ပို့ဆောင်ရေးဝန်ကြီးများနှင့် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲတွင် အလှည့်ကျ ဥက္ကဋ္ဌဖြစ်သော ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ အေးရှားဝေါလ် ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာ (ID)တွင် ကြေညာထားသည်နှင့် ကွဲလွဲပါရှိလာသည့် ဆိုင်ကယ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၄၃၇၆၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၉ ရက် ည ၁၀ နာရီ ၄၅ မိနစ်တွင် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် နွယ်သာကီလမ်းသွယ်(၂)တွင် မမီမီချို(ခ)မီးကင်းငယ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၁၀ နာရီ ၅၅ မိနစ်တွင် ကော့သောင်းမြို့ အေးမြကန်သာရပ်ကွက် နွယ်သာကီ လမ်းသွယ်(၂)ရှိ ရခိုင်(ခ) မောင်မောင်လှ၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိုက်စ် သုည ဒသမ ၀၀၃ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆၉၁၅ ပြားကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

“ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ”၏ (၄/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းနှင့် ကော်မတီဝင်များဖြစ်ကြသည့် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားသော လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ဝန်ထမ်းများ၏ အရည်အသွေး ပိုမိုတိုးတက် ကောင်းမွန်လာစေရန်အလို့ငှာ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးများ၊ ခုံရုံးများနှင့်ကောင်စီများအကြောင်းကို လည်းကောင်း၊ ကမ္ဘာ့နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများကို လည်းကောင်း၊ အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း(AACC)၊ အသင်းဝင်နိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆုံးဖြတ်ချက်များ အကြောင်းကို လည်းကောင်း လေ့လာ၍ သုတေသနစာတမ်းများကို ပြုစုကာ ၂၀၂၂ ခုနှစ် မေလ မှစ၍ နှစ်ပတ်လျှင် တစ်ကြိမ် စာတမ်းဖတ်ပွဲများအား ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ စုံညီ အထူးအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပရာ ဗဟိုဌာနချုပ်မှ ဗဟိုအမှုဆောင် အဖွဲ့ဝင်များနှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗဟိုအမှုဆောင်အဖွဲ့ဝင်များသည် ဗဟိုဌာနချုပ်ရုံး အစည်းအဝေးခန်းမ၌ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့များရှိ ဗဟိုအမှုဆောင်အဖွဲ့ဝင် များက Online စနစ်ဖြင့် အစည်းအဝေးတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်