Skip to main content

Nov 11, 2022

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိ လိုက်စားမှုနှင့်ပတ်သက်၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်း ဖြစ်တည်လာစေရန်၊ အများအကျိုး ဆောင်ရွက်ခြင်းနှင့် ကိုယ်ကျိုးရှာခြင်းတို့အကြား ခွဲခြားတွေးတောသည့် အခြေခံစဉ်းစားတွေးခေါ်မှု မှန်ကန်စေရန် အတွက် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး (Edutainment) အစီအစဉ်များကို ပညာရေးဝန်ကြီးဌာန အခြေခံပညာအဆင့် (မူလတန်းနှင့် အလယ်တန်း) အဆင့်များမှစတင်၍ အသိပညာပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

အလုပ်လက်မဲ့ ဖြစ်ပေါ်နေသည့် အလုပ်သမားများကို New Normal အခြေအနေနှင့်အညီ အသစ်ဖွင့်လှစ် လုပ်ကိုင်သည့် စက်ရုံများနှင့် ချိတ်ဆက် ဆောင်ရွက်ပေးရန်၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ၎င်းတို့၏ ကျွမ်းကျင်မှုနှင့်ကိုက်ညီသော အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးရန်နှင့် ၎င်းတို့တတ်မြောက်ထားသည့် နည်းပညာများကို သင့်လျော်သည့် နေရာများတွင် ပြန်လည်အသုံးပြုနိုင်ရေး ချိတ်ဆက်ဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက ယနေ့ အလုပ်သမားဝန်ကြီးဌာန၌ ကျင်းပသည့် CMP လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ (တတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တာဝန်ရှိသူများကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ အမှတ်(၂) သံမဏိစက်ရုံ(ပင်းပက်)သို့ နိုဝင်ဘာ ၆ ရက်က စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ဒေသဆိုင်ရာစားနပ်ရိက္ခာဖူလုံရေး (Regninal Agricultural on Food Security) ဆွေးနွေးပွဲကို လာမည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံက တာဝန်ယူကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

နိုင်ငံတော်အစိုးရ၏ ယန္တရားကောင်းမွန်စွာ လည်ပတ်နိုင်ရေးအတွက် ကျရာကဏ္ဍမှ တာဝန်သိစိတ်ဖြင့် ဆောင်ရွက်နေကြသော ဝန်ထမ်းများအား မိသားစုသဖွယ် အသိအမှတ်ပြုသောအားဖြင့် ကျင်းပပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီးရုံး၏ ဂုဏ်ပြုနေ့လယ်စာစားပွဲကို ယနေ့နံနက် ၁၁ နာရီတွင် ဝန်ကြီးရုံးစုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ဦးတင်မောင်ဆွေအား တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့သည် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာရှိသည့် နေ့တစ်နေ့ဖြစ်သည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင် အဆင့်မြင့်ပညာကဏ္ဍ၌ ထူးခြားဆန်းသစ်စေမည့် နိုင်ငံ့ထိပ်တန်းတက္ကသိုလ် Naypyitaw State Academy ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 11, 2022

ရန်ကုန်မြို့တွင် မြို့တွင်းခရီးသည်တင် ယာဉ်လိုင်းဖြစ်သည့် YBS ယာဉ်လိုင်းအမှတ် (၆၁) ပေါ်တွင် လိုက်ပါစီးနင်းလာသည့် ခရီးသည်များထံမှ လက်ကိုင်ဖုန်းများကို အုပ်စုဖွဲ့ ရိုက်နှက် လုယက်မှုကျူးလွန်ခဲ့သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးခဲ့သည်။ အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်လိုင်းများပေါ်တွင် ခါးပိုက်နှိုက်သည့်အဆင့်မှ အတင့်ရဲစွာဖြင့် အုပ်စုဖွဲ့ ရိုက်နှက်လုယက်မှုများအထိ ကျူးလွန်လာကြသည့်အပေါ် လူမှုကွန်ရက်များတွင် ထုတ်ဖော်မှုများ၊ ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးဆိုင်ရာ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁)ရပ်ကွက်နေသူ အမျိုးသမီးတစ်ဦးအား NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် လက်နက်ဖြင့် ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့အနီး ရန်ကုန်မြစ်အတွင်းရှိ သမ္မတကမ်းခြေဆိပ်ကမ်းအနီး၌ ယနေ့ နေ့လယ် ၂ နာရီ ၂၅ မိနစ်ခန့်တွင် ဆင်ဟိုင်း- ၆ အမည်ရှိ တွန်းသင်္ဘောတစ်စီး မီးလောင်နေကြောင်းသတင်းအရ တပ်မတော်(ရေ)မှ ပင်လယ်သွားတွဲဆွဲရေယာဉ် ၃ စီးသည် ဒေသခံငါးဖမ်းလှေများနှင့်အတူ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီခန့်တွင် မီးငြိမ်းသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် ယနေ့တွင် ဟိုင်းကြီးကျွန်းမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံတွင် အခြေပြု၍ ဒေသခံပြည်သူ ၇၄၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ(NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၉-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၁၁-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၀,၀၆၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၆၁) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၆၁) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်တွင် ငွေကျပ်သိန်း ၇,၀၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၄ သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးရှိ ဝန်ထမ်းများအား e-ID စနစ်လုပ်ငန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာအချက်အလက် ကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Nov 10, 2022

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဗိုလ်တထောင်ခရိုင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က ရန်ကင်းမြို့နယ် အမှတ် (၁၆) ရပ်ကွက် ဘူတာရုံလမ်းရှိ ဂိုဒေါင်သို့ သတင်းအရ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဘေထုပ်အထည် ၄၄၉ ထုပ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၇၁၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်