Jun 17, 2023
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက်တပ်မတေ
Jun 17, 2023
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု များဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအား လိုအပ်သော ပစ္စည်းများ ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော် (ရေ)မှ ထောက်ပံ့ရေးရေယာဉ် တစ်စင်းသည် မိုးကာတဲ ၁၀၅ လုံး၊ စားသောက်ဖွယ်ရာမျိုးစုံ အိတ် ၁၅၀၀၊ ဆေးဝါးမျိုးစုံ ၅၃၄ ပုံး၊ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းမှ စားသုံးဆီဘူးများပါဝင်သော စက္ကူဖာ ၂၄၅၀၊ အချိုရည် ၄၆ ကတ် စုစုပေါင်း ကုန်တန်ချိန် ၁၃၀ အား ရန်ကုန်မြို့၌တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့နံနက်ပိုင်း တွင် ထွက်ခွာခဲ့သည်။
Jun 17, 2023
၁။မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jun 17, 2023
ဩစတြီးယားနိုင်ငံဗီယင်နာမြို့တွင် ဇွန် ၁၂ ရက်မှ ၁၆ ရက်အထိ ကျင်းပပြုလုပ်သည့် (၁၄) ကြိမ် မြောက် ကုလသမဂ္ဂအဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု ပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေးအစိုးရဌာနဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်းအဝေး များသို့မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌဒေါက်တာ ဌေးအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ Online ဖြင့် တက်ရောက်သည်။
Jun 17, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးလွင်ဦးနှင့်အတူ ဇွန် ၁၅ ရက်က ရုရှားဖက်ဒရေးရှင်း နိုင်ငံစိန့်ပီတာစဘတ်မြို့တွင် ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာစီးပွားရေးဖိုရမ် ၂၀၂၃ (SPIEF'23) ဒုတိယနေ့အခမ်းအနားသို့ တက်ရောက်သည်။
Jun 17, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စီမံကိန်းဦးစီးဌာနက မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၁)ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော “မျှစ်စိုက်ပျိုး ထုတ်လုပ်ရေးတန်ဖိုးကွင်းဆက် ဖွံ့ဖြိုးတိုးတက်မှု အပေါ်အခြေခံ၍ကျေးလက်နေအိမ်ထောင်စုများ၏ လူမှုဘဝဝင်ငွေရရှိနိုင်မှုမြှင့်တင်ပေးနိုင်ရေးဆိုင်ရာ စီမံကိန်း” ၏ “ဝါးပျိုးပင်ပေးအပ်ပွဲအခမ်းအနား” ကို ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာနစုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jun 17, 2023
စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၁/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိစက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
Jun 17, 2023
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်ဦးဆောင်၍ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေတို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ သမ္မတအကြံပေးနှင့် (၂၆) ကြိမ် မြောက်နိုင်ငံတကာစီးပွားရေး ဖိုရမ်ကျင်းပရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ မစ္စတာအန်တွန်ကိုဗျာကော့ဗ်၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံစိန့်ပီတာစဘတ်မြို့တွင် ဇွန် ၁၄ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် (၂၆) ကြိမ်မြောက်စိန့်ပီတာစဘတ်နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့တက်ရောက် လျက်ရှိသည်။
Jun 17, 2023
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော်သည် စစ်တွေမြို့၌ရောက်ရှိနေစဉ်အတွင်း တာဝန်ရှိသူများနှင့်အတူရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့သော စစ်တွေမြို့ရှိနည်းပညာတက္ကသိုလ် (စစ်တွေ) ၊ ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (စစ်တွေ) သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Jun 17, 2023
နိုင်ငံတော်၏သစ်တောသယံဇာတ များရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်၊ အဖိုးတန်ဂေဟစနစ်များမပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့်သစ်တောထိန်းသိမ်း ရေးလုပ်ငန်းများတွင်အထောက် အကူပြုစေရန်ရည်ရွယ်၍ ပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ဒက္ခိဏသီရိ မြို့နယ်အမြန်လမ်းမကြီးရဲတပ် ဖွဲ့မှူးရုံးဧရိယာ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယ ဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့နှင့်ဦးစီးဌာနများမှ အရာရှိကြီးများနှင့်ဇနီးများ၊ တပ်ဖွဲ့ဝင်များနှင့်ဝန်ထမ်းများ တက်ရောက်ကြသည်။
Jun 17, 2023
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများတွင်နေထိုင်ကြပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသည်။ စိုက်ပျိုးရေးကို ရှေးအစဉ်အဆက်လုပ်ကိုင်လာခဲ့ကြရာ သမားရိုးကျလုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် ရာသီဥတု၊ မျိုး၊ မြေနှင့် သွင်းအားစုအခြေအနေအမျိုးမျိုးတို့ကြောင့် အထွက်ကောင်း၊ အထွက် တိုးရေး၌ မျှော်မှန်းသလောက် အောင်မြင်ဖြစ်ထွန်းမှုမရှိခဲ့ပေ။
Jun 17, 2023
လူတို့ အသက်ရှင်ရေးအတွက် သွေးသည်မရှိမဖြစ်လိုအပ်သည်။ သွေးသည် အသက်ဟု အဆိုရှိသည်နှင့်အညီ ထိခိုက်ဒဏ်ရာရှိခြင်း၊ ခွဲစိတ်ကုသခြင်း၊ ကလေးမွေးဖွားခြင်း၊ နာတာရှည်ရောဂါတစ်ခုခုကြောင့် သွေးပုံမှန်သွင်းရန်လိုအပ်ခြင်းအစရှိသည့် အရေးပေါ်သွေးလိုအပ်နေသူများအတွက် လုံခြုံစိတ်ချရသည့်သွေးရရှိရန် လွန်စွာအရေးကြီးသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ၂၀၀၅ ခုနှစ်မှစ၍ နှစ်စဉ် ဇွန်လ၁၄ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ဟု သတ်မှတ်ဂုဏ်ပြုကျင်းပလျက်ရှိသည်။
Jun 16, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများ အဖြစ်ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jun 16, 2023
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကို ဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့်လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၇ ပါတီကို တည်ထောင်ခွင့်ပြုပြီး ဖြစ်ပါသည်။
Jun 16, 2023
သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့်ဒေသများတွင် လိုအပ်သည့်ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် တပ်မတော်မှကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
Jun 16, 2023
ရခိုင်ပြည်နယ်အတွင်းရှိ မိုခါမုန်တိုင်းဒဏ်သင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား စိတ်ရွှင်လန်းချမ်းမြေ့စေရန်နှင့် ပင်ပန်းနွမ်းနယ်မှုများပြေပျောက်စေရန်အတွက် ယနေ့ ညနေပိုင်းတွင် စစ်တွေမြို့ရှိ နယ်မြေခံရဲတပ်ရင်းခန်းမ၌ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားရေး မှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ စစ်သည်/ စစ်သမီးများက အဆို/အကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။
Jun 16, 2023
၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် လယ်ဝေးမြို့မရဲစခန်းအား (စိစစ်ဆဲ)ကျား ၂ ဦးမှ လက်ပစ်ဗုံးဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ယင်းနေ့ညပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဉာဏအောင်မြေလမ်း၊ MICC-II ဂိတ်(၂)ဝင်ပေါက်အား (စိစစ်ဆဲ)ကျား ၃ ဦးတို့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များဖြစ်ပွားခဲ့ပါသည်။
Jun 16, 2023
စစ်တွေမြို့သို့ရောက်ရှိနေသော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဇွန်လ ၁၄ ရက်နေ့တွင် မြောက်ဦးမြို့၊ မင်းပြားနှင့်ကျောက်ဖြူမြို့များသို့သွားရောက်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ပရဟိတအဖွဲ့များအား အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမများတွင် သီးခြားစီ တွေ့ဆုံအမှာစကားပြောကြားသည်။