Skip to main content

နမ့်ခမ်းမြို့အတွင်းသို့ တပ်မတော်မှလက်နက်ကြီးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့အတွင်းသို့ နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းတွင် တပ်မတော်မှလက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနှင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို လူမှုကွန်ရက်စာမျက်နှာများ၌ မဟုတ်မမှန်သတင်းမှားများ ထုတ်လွှင့်ဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ တပ်မတော်အနေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နမ့်ခမ်းမြို့နယ်အနီးတွင် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင်ရေးများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၁ ရက်ညနေပိုင်းတွင် နမ့်ခမ်းမြို့အနီး၌ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် နမ့်ခမ်းမြို့အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရှိရပြီး တပ်မတော်စစ်ကြောင်းများမှ မြို့၊ ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် မည်သည့်အခါမျှ ပစ်ခတ်တိုက်ခိုက်ခြင်းမရှိခဲ့ကြောင်းနှင့် တပ်မတော်နှင့်ပြည်သူပူးပေါင်း၍ အကြမ်းဖက်မှုနှိမ်နင်းရေး ဆောင်ရွက်နေမှုများကိုမလိုလားသည့် ပြည်ဖျက်မီဒီယာများက ပြည်သူလူထုနှင့်တပ်မတော်အကြား သွေးကွဲစေရန်ရည်ရွယ်ချက်ဖြင့် သတင်းအမှား၊ သတင်းအတုများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။