Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၂၂ ခုနှစ်၊ ဧပြီလ (၂၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါသည်။
Apr 27, 2022
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများတွင် အဂတိလိုက်စားမှုများရှိသောကြောင့် ဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
Apr 27, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ အမရပူရခေတ် အမျိုးသား/ အမျိုးသမီး ဝတ်စားဆင်ယင်မှုပုံဖြင့် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀၀ ကျပ်တန်) (၂)မျိုးအား ၂၀၂၂ ခုနှစ်၊ ဧပြီ (၂၉) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ခူးလကွယ်နေ့ (သောကြာနေ့)၊ နံနက် ၉ နာရီခွဲ မှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ စာတိုက်ကြီးများတွင် ရောင်းချပေးသွား မည်ဖြစ်သည်။
Apr 27, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်း ချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Apr 27, 2022
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/ မောင်းနှင်/ ပြုပြင်ထိန်းသိမ်းခြင်း သင်တန်းအမှတ်စဉ် (၂)နှင့် အင်ဂျင်နီယာများစီမံခန့်ခွဲရေး သင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ Covid- 19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
Apr 27, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် “လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်” တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များကို အသိပညာပေး သင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ Online အစီအစဉ်ဖြင့် ဖွင့်လှစ်လျက်ရှိရာ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်း Volunteer များကို Online ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Apr 27, 2022
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် တို့သည် ဧပြီ (၂၅) ရက် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိစစ်ဆေးသည်။
Apr 27, 2022
(၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။
Apr 27, 2022
ရခိုင်ပြည်နယ်၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသတွင် စုပေါင်းသန့်ရှင်း အမှိုက်ကောက် Campaign ကို ယနေ့နံနက်ပိုင်းတွင် ဆောင်ရွက်သည်။
Apr 27, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ ခွဲကျောက် အမာခံခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဇီးချိုင်-ကံချိုင်လမ်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရေရှည်တည်တံ့ခိုင်မြဲရေး ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် မှာကြားသည်။
Apr 27, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်ရောဂါ ရှာဖွေရေးဓာတ်ခွဲခန်း(ရန်ကုန်)၏ တိရစ္ဆာန်ကူးစက်ရောဂါများ စူးစမ်းရှာဖွေခြင်းနှင့် အတည်ပြုပေးခြင်းလုပ်ငန်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ ကျန်းမာရေးထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းလုပ်ငန်းများ၊ ရောဂါတုံ့ပြန်နိုင်မှု တိုင်းတာပေးခြင်း၊ ရောဂါစစ်ဆေးရန် ကွင်းဆင်းနမူနာကောက်ယူခြင်း၊ ရောဂါသုတေသနပြု ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တိရစ္ဆာန်ကျန်းမာရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် နိုင်ငံတကာအဆင့်မီ ဓာတ်ခွဲခန်းအဆင့်(ISO/IEC 17025:2017)ရရှိရေးတို့ကို မှာကြားသည်။
Apr 27, 2022
ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၄)နှင့် အဆင့်မြင့် အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ကေတုမတီခန်းမ၌ ကျင်းပသည်။
Apr 27, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံတော် တာဝန်ယူသည့်ကာလ၌ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့သည် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာဂီတနှင့် အကဘာသာရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားကျွမ်းကျင်ပညာရှင်များဖြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ၌ သင်ကြားပို့ချနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိသည်။
Apr 27, 2022
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူးကျင်းပသည့် သတင်းနှင့် သတင်းဆောင်းပါး ပြိုင်ပွဲတွင် သတင်းဆောင်းပါးဆုရရှိသူအား ဆုချီးမြှင့်သည့် အခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်တ ထောင်မြို့နယ် ကုန်သည်လမ်းရှိ သတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ဧပြီ ၂၆ ရက်က နံနက် ၁၀ နာရီက ကျင်းပရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ကောင်စီဝင်များ၊ ဆုရရှိသူ သတင်းသမားတို့ တက်ရောက်ကြသည်။
Apr 27, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှု ဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရန်ကုန် မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ် ရန်ကုန်-ပြည်လမ်းမပေါ်၌ တရားမဝင် ကျွန်းပရိဘောဂအပိုင်းအစနှင့် ကျွန်းတံခါးချပ်များ ၂ ဒသမ ၁၅၀၂ တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၅၀၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် မော်တော်ယာဉ်နှစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၅၆၄၅၀၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
Apr 27, 2022
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသောလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “မှိုင်းမိသူမှိုင် လည်မိသူပျော် သင်္ကြန်ပွဲတော်” ခေါင်းစဉ်ဖြင့် ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
Apr 27, 2022
(၈) ကြိမ်မြောက် အာဆီယံ ရုပ်သံကဏ္ဍအစီအစဉ်နှင့် ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်းအစုအဖွဲ့ အစည်း အဝေး (8th SOMRI Working Group on Content and Production Meeting (8th SOMRI WG-CP)) အား ယနေ့နံနက် ၈ နာရီခွဲတွင် ဘရူနိုင်းနိုင်ငံမှ Video Conferencing စနစ်ဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဒေါ်မိုးသူဇာအောင် ဦးဆောင်သည့်အဖွဲ့သည် နေပြည်တော်-တပ်ကုန်းနှင့် ရန်ကုန်တို့မှ ပါဝင်တက်ရောက်ဆွေးနွေးကြသည်။
Apr 27, 2022
မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ငါးနှစ်စီမံကိန်းအကောင်အထည်ဖော်ရေး လုပ်ငန်းအဖွဲ့အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရဲချုပ်ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
Apr 27, 2022
အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ဆန်နှင့် ဂျုံအိတ်များကို ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အမှုထမ်း ရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ဆန်သိုလှောင်ရုံ၌ စနစ်တကျ သိုလှောင်ထားရှိမှုနှင့် ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ် လှူဒါန်း နေမှုများကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြပြီး တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
Apr 27, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာ မရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်း များအတွင်းရှိ ပြည်သူများ၊ အသက် (၁၂) နှစ်အထက် အခြေခံ ပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံ များမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများကကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။