Skip to main content

Apr 25, 2022

ရေချို ရေငန် ငါး ပုစွန်များ မျိုးမတုံးစေရေးအတွက် ၎င်းတို့၏ မိတ်လိုက်ချိန်နှင့် မျိုးပွားရာသီချိန်ကာလများတွင် ဖမ်းဆီးခြင်း၊ ဝယ်ယူစုဆောင်းခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက တားမြစ်ထားသည်။ မြန်မာနိုင်ငံတွင် ကုန်းတွင်းပိုင်း မြစ်‌ချောင်း အင်းအိုင်များ၌ ရေချိုငါးလုပ်ငန်းများနှင့် ပင်လယ်ပြင် ကမ်းနီး ကမ်းဝေး ရေငန် ငါးလုပ်ငန်းများရှိရာ ငါး ပုစွန်များ ရေရှည်ထုတ်လုပ် စားသုံးနိုင်ရေးအတွက် အလွန်အကျွံ ဖမ်းဆီးမှုများ မဖြစ်အောင် ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဦးမောင်ကို ဦးဆောင်သည့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတားထိပ် (မြန်မာဘက်ခြမ်း)မုခ်ဦးတွင် ယမန်နေ့ည ၁၀ နာရီ ၄၅ မိနစ်ခန့်က မော်တော်ယာဉ်ဖြင့် ဖောက်ခွဲဖျက်ဆီးမှု ဖြစ်ပွားခဲ့ရာ လုံခြုံရေးတာဝန် ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပြီး မော်တော်ယာဉ်နှင့် အဆောက်အဦ ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မုံရွာ-ရေဦး ကားလမ်းဘေးရှိ BOC စက်သုံးဆီအရောင်းဆိုင်သို့ ယမန့်နေ ညနေပိုင်းတွင် အကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဆိုင်ရှိ ငွေနှင့်ပစ္စည်းများအား လုယက်ပြီး ဆိုင်ရှိပစ္စည်းများကို ရိုက်ချိုး ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မြန်မာ့နှစ်ကူးကာလ  ရက်ရှည်ရုံးပိတ်ခဲ့ရာ  ပင်လယ်ကမ်းခြေ များ၌ ပြည်တွင်းခရီးသွားများ၏  အပန်းဖြေခရီးစဉ်များဖြင့် စည်ကားခဲ့သည့်နည်းတူ ပုဂံဒေသတွင်လည်း    ခရီးသွားများဝင်ရောက် ခဲ့မှုကြောင့်   ဒေသခံတို့၏စီးပွားရေးလုပ်ငန်းများ   အဆင်ပြေခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်  နယ်မြေ(၇)  လမ်းသွယ်(၁၄)တွင် မလထော်ခါးတောင်(ခ)အားတောင်ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၁  ကီလို  သိမ်းဆည်းရမိခဲ့ပြီး  စစ်ဆေးပေါ်ပေါက် ချက်အရ ညနေ ၅ နာရီ မိနစ် ၂၀ တွင် မြစ်ကြီးနား မြို့ ရွှေစက်ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ဝင်ရောက် ရှာဖွေရာ ဘိန်းဖြူ  ၁ ဒသမ ၅၉ ကီလိုနှင့် စိတ်ကြွ ရူးသွပ်ဆေးပြား ၂၂၀၀၀ ကိုလည်းကောင်း၊  ထို့အတူ ဧပြီ ၂၁ ရက် ညနေ ၆ နာရီတွင်  နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ် (ဒု) ညောင်ပင်ကြီး ကျေးရွာ အုပ်စု (ဒု)ညောင်ပင်ကြီးကျေးရွာရှိ လူနေထိုင်ခြင်းမရှိသည့် နေအိမ်အနီးတွင် အဒူမူနာ့ဖ်နှင့် မာမတ်အာယာ့စ် တို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးမေးမြန်း ရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား   ၃၈၀၀၀  ကို လည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

စစ်ကိုင်းတိုင်းဒေသကြီး ပင်လည် ဘူးမြို့နယ်အတွင်း NLD ပါတီ ထောက်ခံသူ အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့၊ မိုင်းထောင်ဖောက်ခွဲမှုများကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရပြီး မိမိတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံစိတ်ချရ သည့် နေရာများတွင် ခေတ္တနေထိုင်နေကြရသူများကို နေထိုင် စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ ဒေသများတွင် ပြန်လည်နေထိုင်နိုင်ရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် တာဝန်ရှိသူများ က ကူညီဆောင်ရွက်ပေးလျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ကချင်ပြည်နယ်အစိုးရအဖွဲ့  ဝန်ကြီးချုပ်ဟောင်း ဒေါက်တာခက်အောင်၊ ဝန်ကြီးဟောင်းများဖြစ်ကြ သော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့် တို့နှင့် ဆက်စပ်တာဝန်ရှိပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ  စုံစမ်း စစ်ဆေး  အရေးယူပေးပါရန်  တိုင်ကြားခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာသတင်းဌာန၊ South China Morning Post သတင်းဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာ သတင်းဌာနတို့မှ သတင်းထောက်များကို ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမများ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

တပ်မတော်   ဆေးတက္ကသိုလ်၏ (၉) ကြိမ်မြောက်  ဘွဲ့လွန်ဘွဲ့နှင်း သဘင်  အခမ်းအနားကို   ယနေ့ နံနက်ပိုင်းနှင့် (၁၀) ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊  တပ်မတော် ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေး အဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊   ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

တိုင်းဒေသကြီး/ ပြည်နယ်ပညာ ရေးမှူးများနှင့် ခရိုင်ပညာရေးမှူးများအတွက် ဖွင့်လှစ်ပို့ချသည့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင်  အခြေခံပညာ ဦးစီးဌာန    အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်အတွင်း ဧပြီ ၂၀ ရက်က ဖြစ်ပွားခဲ့သည့်  မိုးသက် လေပြင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ်များနှင့် လေပြင်းသင့် ပြည်သူများအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာ၊ အိမ်ဆောက် ပစ္စည်းတန်ဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂  နာရီတွင် လယ်ဝေးမြို့ အားကစားလေ့ကျင့် ရေးစခန်းအမှတ်(၂)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ နေပြည်တော်   ကောင်စီဝင်များ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၁-ခုနှစ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်သော  သားကောင်းတမန် မဂ္ဂဇင်း ထုတ်ဝေခြင်းအခမ်းအနားကို ယနေ့နံက် ၁၁ နာရီက ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 24, 2022

နွေလယ်ကာလဖြစ်သည့်အတွက် အချို့ဒေသများတွင် နေ့အပူချိန် များ မြင့်မားလျက်ရှိရာ သက်ကြီး ရွယ်အိုများ၊ ကလေးငယ်များနှင့် သွေးတိုး၊ ဆီးချို၊ နှလုံး စသည့်ရောဂါအခံရှိသူများ အပူဒဏ်ကြောင့် အန္တရာယ်မကျရောက်စေရန် ဂရုပြုကြရမည်ဖြစ်သည်။ ရာသီဥတု ပူပြင်းမှုကြောင့်    ချွေးထွက်လွန်ကာ    ခန္ဓာကိုယ်ရေဓာတ်နှင့် ဓာတ်ဆားတို့ ဆုံးရှုံးမှုများပြားပြီး ပင်ပန်းနွမ်းနယ်မှုနှင့် မူးမော် ခြင်း၊ ပိုမိုပြင်းထန်လာသည့်အခါ အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) တို့အထိ ခံစားရနိုင်သည့် အတွက် ဥတုသပ္ပါယ မျှတအောင် နေထိုင်ကြရန်လိုသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

အိန္ဒိယအစိုးရမှ မြန်မာနိုင်ငံသို့ လှူဒါန်းသော ဆန်နှင့်ဂျုံများအား သိုလှောင်ရုံများအတွင်း စနစ်တကျ ထားရှိမှုနှင့် ပြည်သူများ၏ လက်ဝယ်အရောက်ထောက်ပံ့ ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ် ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်နေ ကျော်စိုးထက်(ခ) ကျော်စိုး(ခ) ကျောင်းဆရာ(ဘ)ဦးအောင်အောင်နှင့် ရဲရင့်ထူး(ခ) ရဲကြီး(ဘ) ဦးစန်းထွန်း တို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း၌ သင်တန်းတက်ရောက်ခဲ့ခြင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၉) ရပ်ကွက်အနီးရှိ ရဲကင်းစခန်း အပါအဝင် အများပြည်သူများ သွားလာလျက်ရှိသည့် နေရာများအား လက်လုပ်မိုင်း များဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လည်းကောင်း၊ အဆိုပါရပ်ကွက်နေ ဌေးသန္တာ(ခ) ဌေးစန္ဒာ(ခ)ဌေးဌေး(ဘ)ဦးဘို သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြမှုများတွင်ပါဝင်ခြင်း၊

ဆက်လက်ဖတ်ရှုရန်

Apr 23, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်