Skip to main content

လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွင် ပါဝင်ဆောင်ရွက်မည့် “စေတနာ့ဝန်ထမ်း Volunteer များကို အသိပညာပေးသင်တန်းပို့ချ

နေပြည်တော် ဧပြီ ၂၇

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့်လမ်းပေါ်နေကလေးများ လျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးစီမံချက်တွင် ပါဝင်ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်း Volunteer များကို အသိပညာပေး သင်တန်းကို ဧပြီ ၂၅ ရက်မှ ၂၇ ရက်အထိ Online အစီအစဉ်ဖြင့်  ဖွင့်လှစ်လျက်ရှိရာ ဧပြီ ၂၆ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးက စေတနာ့ဝန်ထမ်း Volunteer များကို  Online  ဖြင့်တွေ့ဆုံ၍ အမှာစကားပြောကြားသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် လမ်းပေါ်နေ ကလေးများလျော့နည်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအတွက် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်၍ ကနဦး စီမံချက် မြို့နယ်များ ရွေးချယ်ခြင်း၊ ရန်ပုံငွေများ သတ်မှတ်လျာထားခြင်း၊ လမ်းပေါ်နေ ကလေးများအတွက် နားခိုရာနေရာ (Drop in Center) များ သတ်မှတ်ခြင်း၊ စီမံချက်ကာလသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း Volunteer များအနေနှင့်လည်း လုပ်ငန်းများ ဆောင်ရွက်သည့် နေရာတွင် မည်သို့ပင် အခက်အခဲများနှင့် ကြုံတွေ့ရစေသော်လည်း စေတနာ့ဝန်ထမ်းများ၏ သည်းခံစိတ်၊ စာနာနားလည်စိတ်မေတ္တာ၊ စာဂ၊ ဝီရိယတို့ဖြင့် မိမိတို့၏ အချိန်၊ လုပ်အားအကူအညီများဖြင့် စီမံချက်ဒေသများဖြစ်သည့် သက်ဆိုင်ရာ နေပြည်တော်ကောင်စီ၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးမှူးရုံးများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ချိတ်ဆက်၍ လမ်းပေါ်နေ ကလေးသူငယ်များအတွက် ပံ့ပို ဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

အလားတူ ယနေ့မွန်းလွဲပိုင်းတွင် မသန်စွမ်းသူများအတွက် ပုဂ္ဂလိကပညာသင် အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှု အထူးသင်တန်းကျောင်း၊ ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာနများနှင့် ညှိနှိုင်းအစည်းအဝေးကို အဆိုပါဝန်ကြီးရုံး EC ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် က နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေး ဥပဒေ၊ အခန်း (၁၃) နှင့် နည်းဥပဒေများ၊ အခန်း (၁၀) တို့တွင် ပုဂ္ဂလိက ပညာသင်အထူးကျောင်း၊ ပုဂ္ဂလိက အသက်မွေးမှုအထူး သင်တန်းကျောင်းနှင့် ပုဂ္ဂလိက ပြန်လည်ထူထောင်ရေးဌာနများ တည်ထောင်ဖွင့်လှစ်ခြင်းကို ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် အညီ တရားဝင်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါကြောင်း၊ ယခုအချိန်အထိ တည်ထောင်ခွင့်ပြုမိန့် လျှောက်ထားလာသည့် မသန်စွမ်းပုဂ္ဂလိက အထူးကျောင်းများအနက်စံသတ်မှတ်ချက်များနှင့် ကိုက်ညီသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မသန်စွမ်းပုဂ္ဂလိကအထူးကျောင်း () ကျောင်းအား တည်ထောင်ခွင့် ပြုမိန့်ထုတ်ပေးထားပါကြောင်း၊  တည်ထောင်ဖွင့်လှစ်ခွင့်ရရှိသော ကျောင်းများအနေဖြင့် သတ်မှတ်ထားသည့် ခွင့်ပြုမိန့် ထုတ်ပေးခကို မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေ (၂၀၁၅) အခန်း (၁၅) ပုဒ်မ (၆၉) ပုဒ်မခွဲ () အရ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာရန်ပုံငွေသို့ ထည့်သွင်းရမှာဖြစ်ပါကြောင်း၊ အခြားတည်ထောင်ခွင့်ပြုမိန့် မရရှိသေးသော မသန်စွမ်း ပုဂ္ဂလိကအထူးကျောင်းများအနေဖြင့် တည်ထောင်ဖွင့်လှစ်ခြင်းကို  ဥပဒေနှင့်အညီ ခွင့်ပြုချက်ရရှိစေရေး မဖြစ်မနေ လျှောက်ထားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က သူတစ်ပါးအပေါ် မှီခိုနေရခြင်းမှ မသန်စွမ်းသူများ ကိုယ်တိုင် နိုင်ငံတော်အတွက် ထောက်ပံ့ပေးကြသူများဖြစ်လာနိုင်စေရန် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လူမှုဝန်ထမ်းဦးစီးမှူးများနှင့် မသန်စွမ်းပုဂ္ဂလိက အထူးကျောင်း (၂၂) ကျောင်းမှ တာဝန်ခံများက မသန်စွမ်းပုဂ္ဂလိကအထူးကျောင်းများ၏ တည်ထောင်ဖွင့်လှစ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များတွင် တွေ့ကြုံရသည့် အခြေအနေများနှင့် လိုအပ်ချက်များကို အသီးသီး ဆွေးနွေး တင်ပြမှုများအပေါ်  ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)