Apr 25, 2022
နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ထိတ်လန့် ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှု မရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် ညပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေး ရပ်ကွက်နေ စည်သူ(ခ) ဆိတ်ကြီး(၄၀)နှစ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်နေ အောင်ကျော်မိုး (ခ)မိုးမိုး(၃၈)နှစ်နှင့် အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်အမှတ် (၅၂)နေ အောင်ထွန်းလင်း(ခ)ပါပူး(၄၄)နှစ်တို့ ၃ ဦးအား ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄၁ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
Apr 25, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂)ရက်နေ့တွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိန့်ခွန်းတစ်ခုကို ပြောကြားခဲ့ပါသည်။ ။
Apr 25, 2022
ကျန်မာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ နံနက်ပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)သို့ သွားရောက်ပြီး သင်ကြားရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် အဆောက်အဦများ ထိန်းသိမ်းထားရှိမှု၊ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် ဝန်ထမ်းရေးရာ ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးသည်။
Apr 25, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
Apr 25, 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေမှု၊ ဖြန့်ဖြူးလျက်ရှိသည့် ဓာတ်အားစနစ်ရှိ ဓာတ်အားလိုင်းနှင့် ထရန်စဖော်မာများ၌ ဓာတ်အား ပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး၊ ရောင်းချထားသော ဓာတ်အားခများရရှိရေးတို့နှင့် ပတ်သက်၍ ခရိုင်လျှပ်စစ်မန်နေဂျာ/ ခရိုင်လျှပ်စစ်အင်ဂျင်နီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 25, 2022
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနမှ ဝန်ထမ်းများ လုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲ တွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) ရှိ (Multipurpose Hall) ၌ ကျင်းပသည်။
Apr 25, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့သည် ဧပြီ ၂၄ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်ရှိ ဘုမ္မာ(၁၂)လမ်း သာသနာ့လင်းရောင်ခြည်ဓမ္မာရုံနှင့် မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးတို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ဆန်နှင့် ဂျုံများကို ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးနေမှုကို ကြည့်ရှုအားပေးသည်။
Apr 25, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင် သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း၏ အဌမအကြိမ်မြောက်သက်တမ်း (၂၀၂၂-၂၀၂၄) ခုနှစ်၏ ပထမအကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ပြီး အသင်းဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်များနှင့် တွေ့ဆုံသည်။
Apr 25, 2022
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ ၊ ဦးသောင်းနိုင် တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၇/၂၀၂၀ (ရန်ကုန်)၊ ၁၈/၂၀၂၀ (ရန်ကုန်)၊ ၁၅/ ၂၀၂၀ (မန္တလေး)၊ ၄/၂၀၂၁ (ဧရာဝတီ) နှင့် ၅ / ၂၀၂၁ (ဧရာဝတီ)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၅) မှုတို့ကို စီရင်ချက်ချမှတ်သည်။
Apr 25, 2022
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက္ကသိုလ်များ ဖွင့်လှစ်သည့်အခါ ကျောင်းသား ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားရေး၊ တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ ဥပဓိရုပ် ကောင်းမွန်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ယနေ့ နံနက်ပိုင်းက မန္တလေးတက္ကသိုလ် Research Center အစည်းအဝေးခန်းမ၌ မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းနှင့် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Apr 25, 2022
ပြည်ထောင်စုစိတ်ဓာတ် အစဉ်ထာဝရ ကိန်းအောင်းနေရမည်ဖြစ်သကဲ့သို့ ပြည်ထောင်စုစိတ်ဓာတ် ထွန်းကားပြန့်ပွားအောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။
Apr 25, 2022
တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် အင်းစိန်မြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရန်ကုန်မြောက်ပိုင်းခရိုင် ရန်ကုန်-ပြည်လမ်း လေဆိပ်မီးပွိုင့်အနီး၌ တရားမဝင် ကျွန်းခွဲသား ၄ ဒသမ ၁၁၀၂ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၃၃၀၆၀)နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Mitsubishi Canter Box အမျိုးအစား ကုန်တင်ယာဉ် တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၂၃၃၀၆၀ ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက် ရှိသည်။
Apr 25, 2022
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
Apr 25, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUGနှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Apr 25, 2022
တပ်မတော်ဆေးတက္ကသိုလ်၏ (၁၁)ကြိမ်မြောက် ဘွဲ့လွန်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် အောင်မင်းဦး၊ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်း၊ တပ်မတော် ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ၊ ဘွဲ့အပ်နှင်းခံရမည့် အရာရှိကြီးများ၊ အရာရှိများနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Apr 25, 2022
ကပ်ပါးမွှားရောဂါ ထိန်းချုပ်ရေးအတွက် အသိပေးနှိုးဆော်ချက်
Apr 25, 2022
ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်များအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ဧပြီ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးတို့က ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
Apr 25, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီးတို့သည် ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)သို့ ရောက်ရှိစစ်ဆေးသည်။
Apr 25, 2022
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Apr 25, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအေးကိုနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ဒက္ခိဏသီရိမြို့နယ် ရွှေပြည်တော်ဝင် သာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များ၊ စာသင်သား သာမဏေများအတွတ် ဆွမ်းဆန် တော်၊ ဆီ၊ ပဲနှင့် ကြက်ဥများ လှူဒါန်းသည်။