May 03, 2022
ပြည်သူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွက် ဘဏ်လုပ်ငန်းဝန်ဆောင်မှု များကို အပြည့်အဝပံ့ပိုးကူညီဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်သည့် မြန်မာ့စီးပွားရေးဘဏ်၊ လက်ထောက်မန်နေဂျာများ ဘဏ်လုပ်ငန်းဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၂-၂၀၂၃) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ၌ ကျင်းပသည်။
May 03, 2022
Myanmar Hard Talk သတင်းဌာနမှ သတင်းထောက် ကိုဥက္ကာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုသည် ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေး အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ငြိမ်းချမ်းရေးခရီးစဉ်နှင့် ဆက်စပ်မှု ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းသည်။
May 03, 2022
တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ် အေးသာယာမြို့ အကွက်အမှတ် (၂၂/ ခပေါင်းရေကြည်ရပ်ကွက်)၌ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် တည်ဆောက်မည့် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာစင်တာနှင့် သက်မွေးပညာ သင်တန်းကျောင်း မြေနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 03, 2022
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) အင်္ဂလိပ်-မြန်မာ/ မြန်မာ-အင်္ဂလိပ်သို့ ဘာသာပြန်နည်းစနစ်များ ပို့ချမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော်ဆောင်ရှိ AA-202 စာသင်ခန်းမတွင်ကျင်းပရာ ဒုတိယပါမောက္ခချုပ်(သင်ကြား)၊ ဌာနမှူး(စီမံ/ဘဏ္ဍာ)၊ ဌာနမှူး(သင်တန်းရေးရာ)၊ ပါမောက္ခ/ဌာနမှူးများ၊ ခေတ္တဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ စာကြည့်တိုက်မှူး၊ မော်ကွန်းထိန်း၊ လက်ထောက်မော်ကွန်းထိန်းများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 03, 2022
ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ဖွင့်လှစ်သော အလယ်အလတ်အဆင့် အရာထမ်းစီမံခန့်ခွဲမှု သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု အဆင့်မြင့်ဒီပလိုမာသင်တန်း အမှတ်စဉ်(၆)နှင့် အရာထမ်းအခြေခံသင်တန်း အမှတ်စဉ်(၂၁၄)ကို ယနေ့နံနက် ၈ နာရီတွင် Online Learning System ဖြင့် လည်းကောင်း၊ စာရေးဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း အမှတ်စဉ်(၈၈)ကို နံနက် ၉ နာရီတွင် Inhouse ဖြင့် လည်းကောင်း ကျင်းပရာ ပါမောက္ခချုပ် ဦးဇော်ဇော်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာနများမှ ပါမောက္ခများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
May 03, 2022
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာနသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
May 03, 2022
ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်
May 03, 2022
၁၉၆၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သော စာပေဗိမာန်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် (၇၅) နှစ်ပြည့် မြောက်လျက် စိန်ရတုခရီး တိုင်ပြီဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေသွေးဌာနအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂)ကို ထုတ်ဝေဖြန့်ချိလိုက်သည်။
May 03, 2022
စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို နေပြည်တော်ကောင်စီနှင့် နေပြည်တော်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီတို့ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 03, 2022
လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၁/၂၀၂၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။
May 03, 2022
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ညောင်ဦးမြို့ရှိ အကျဉ်းထောင်၊ ညောင်ဦးမြို့မနှင့် ပုဂံနယ်မြေရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
May 03, 2022
ကမ္ဘာ့နိုင်ငံအများစုတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွား/ သေဆုံးမှုများ ကျဆင်းလာသည်နှင့်အတူ နိုင်ငံတကာ ခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူများအား ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများကို ဖြေလျှော့ပေးမှုများ ဆောင်ရွက်လျက်ရှိသည်။
May 03, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၄)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်မြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲ အခမ်းအနားကို ၁၃၈၄ ခုနှစ် ကဆုန်လပြည့်ကျော် ၈ ရက် (မေ ၂၂ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီး၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
May 03, 2022
နိုင်ငံတစ်နိုင်ငံတွင်လည်းကောင်း၊ မိသားစုတစ်စုတွင်လည်းကောင်း ဝင်ငွေနှင့် ထွက်ငွေကို ချင့်ချိန်တွက်ချက် ဆောင်ရွက်ကြသည်။ နိုင်ငံတစ်နိုင်ငံတွင် ပို့ကုန်ထက် သွင်းကုန်များနေပါက ဘတ်ဂျက်လိုငွေပြပြီး စီးပွားရေးကျဆင်းမည်ဖြစ်သည်။ သွင်းကုန်ထက် ပို့ကုန်မြင့်မားတိုးတက်ပါက နိုင်ငံ့စီးပွားတိုးတက်ပြီး တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။
May 03, 2022
မြန်မာနိုင်ငံ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီက CRPH, NUG, PDF နှင့် ၎င်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းအားလုံးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရ ၂၀၂၁ ခုနှစ် မေလ ၈ ရက်နေ့တွင် အကြမ်းဖက်အုပ်စုများအဖြစ် တရားဝင် ထုတ်ပြန်ကြေညာထားခဲ့ပြီး ဖြစ်သည်။
May 03, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်းစိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့တွင် ခမောက်ကြီး၊ ဘုတ်ပြင်းနှင့် ကျွန်းစုတပ်နယ်တို့မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကားပြောကြားသည်။
May 02, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီရယ်၊ ဒေါက်တာဗညားအောင်မိုး၊ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ တောင်ဒဂုံ ဆီအုန်းစိုက်ပျိုးရေး စီမံကိန်း သွားရောက်ကြည့်ရှုသည်။
May 02, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် Samdech Akka Moha Sena Padei Techo HUN SEN နှင့် ယနေ့နံနက်ပိုင်းတွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးသည်။
May 02, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 02, 2022
နိုင်ငံရေးအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် အချို့မြို့နယ်များရှိ ကျေးရွာများမှ ၎င်းတို့ကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံပြည်သူလူထုတို့အား စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့အပေါ် ထောက်ခံအားပေးရန်၊ ဆက်ကြေးများ ပေးဆောင်လာစေရန် ပြည်သူလူထုအပေါ် အကြောက်တရားဖြင့် လွှမ်းမိုးချုပ်ကိုင်နိုင်ရေး အပြစ်မဲ့ပြည်သူများအား သတင်းပေး ဒလန်များအဖြစ်စွပ်စွဲ၍ သတ်ဖြတ်ခြင်း၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦများနှင့် လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း စသည့် အကြမ်းဖက်လုပ်ရန်မှန်သမျှကို ကျူးလွန်လျက်ရှိသည်။