May 06, 2022
အသက်မပြည့်သေးသည့်မိန်းကလေးကို တရုတ်နိုင်ငံသားကသံရုံး၊ တရားရုံး၏ခွင့်ပြုချက်မရှိဘဲ သားမယားအဖြစ်ပေါင်းသင်းနေထိုင် သဖြင့်လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်သုံးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 06, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများ အတွင်းရှိ ပြည်သူများ၊ အသက် ၁၂ နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား ကျောင်းသူများစသည့် ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
May 06, 2022
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 06, 2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိခရိုင်မီးသတ်စခန်း၊ ကချင်ပြည် နယ် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း အားကစားကွင်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့ ပြည်နယ်မီးသတ် ဦးစီးဌာနမှူးရုံး၊တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မီးသတ်ဦးစီးမှူးရုံး၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မီးသတ်ဦးစီးမှူးရုံးနှင့် ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမတို့၌ ပြုလုပ်ကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
May 06, 2022
(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။
May 06, 2022
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများ မှနှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိ ရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း ၁ ဒသမ ၆၀ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
May 06, 2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ၂၀၂၂-၂၀၂၃ခု၊ ပညာသင်နှစ်အတွက် A.G.T.I ပထမနှစ် ဝင်ခွင့်လျှောက်လွှာများ ခေါ်ယူခြင်း
May 06, 2022
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည်ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌ Mr. WATAN-ABE Hideo နှင့်အဖွဲ့အား ယနေ့နံနက်၁၀နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 06, 2022
AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့(Task Force) ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနဝန်ကြီး H.E. Mr. Prak Sokhoon ၏ဖိတ်ကြားချက်အရConsultative Meetingတက်ရောက်ရန် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့သို့ ဘန်ကောက်မြို့မှတစ်ဆင့် လေကြောင်းခရီးဖြင့် ယနေ့နံနက်ပိုင်း တွင် ထွက်ခွာသွားသည်။
May 06, 2022
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော လက်နက်ကိုင် ပဋိပက္ခများမှာ ယနေ့ ထက်တိုင်အောင်မချုပ်ငြိမ်းသေးပေ။ ယုံကြည်ချက်၊ ခံယူချက်ကြောင့် သဘောထားကွဲလွဲရာမှ ဖြစ်ပေါ်လာသည့် ပဋိပက္ခများမှာ မျက်မှောက်ကာလတွင် အပြီးတိုင်ချုပ်ငြိမ်းသင့်သည့်အချိန်သို့ ရောက်နေပြီဖြစ်သည်။ နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နေထိုင်နိုင်ရန်အတွက် ငြိမ်းချမ်းရေးကို မဖြစ်မနေ ကြိုးပမ်းရယူကြရပေမည်။
May 06, 2022
မြန်မာနိုင်ငံတွင် အသက် ၁၅ နှစ်နှင့်အထက် အလုပ်လုပ်နိုင်သည့်အရွယ်ရှိသူ ၅၂ ဒသမ ၂ ရာခိုင်နှုန်းမှာ လယ်ယာကဏ္ဍတွင် ဝင်ရောက်အလုပ်လုပ်ကိုင်နေကြသည်။ မိမိတို့နိုင်ငံသည် ရှေးပဝေသဏီ ခေတ်အဆက်ဆက် ကပင်လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်ခဲ့သော်လည်း အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် လူတစ်ဦးချင်းအနေဖြင့်ရော မြေတစ်ဧကချင်း အနေဖြင့်ပါ ထုတ်လုပ်နိုင်စွမ်း အနိမ့်ဆုံး၌ ရပ်တည်နေသည်။ သို့ဖြစ်၍ ဝင်ငွေချင်းနှိုင်းယှဉ်ပါကလည်း လွန်စွာကွာခြားလျက်ရှိနေသည့်အလျောက် မြန်မာနိုင်ငံ တစ်ဝန်းရှိကျေးလက်ဒေသများမှ လူငယ်များမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းခွင်များကိုစွန့်လွှတ်ကာ ကျွမ်းကျင်မှုနည်းပါးသော အဆင့်နိမ့်ရွှေ့ ပြောင်းလုပ်သားများအဖြစ် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသည်ကို တွေ့ရသည်။
May 05, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲ မှုများပြုလုပ် ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူတို့ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းမြို့ရှိ အရာရှိ၊ စစ်သည်။ မိသားစုဝင်များအား တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
May 05, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား မြို့နယ်ခန်းမတွင် တွေ့ဆုံအမှာစကား ပြောကြားသည်။
May 05, 2022
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် (၂၀၂၂/၃) နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
May 05, 2022
(၅-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
May 05, 2022
ဧရာဝတီတံတား(မကွေး)ရေလမ်းတွင် ရေယာဉ်များ ဖြတ်သန်း သွားလာရန် ရေလမ်းကြောင်းကို အစုန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၇)နှင့် (၁၈)အကြားမှ လည်းကောင်း၊ အဆန်လမ်းအဖြစ် ရေလယ်တိုင် အမှတ်(၁၆)နှင့် (၁၇)အကြားမှ လည်းကောင်း ဖွင့်လှစ် ထားသည်။ ယခုအခါ တံတားမြစ်ကြမ်းပြင် မြစ်ရေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မည်ဖြစ်သောကြောင့် ရေယာဉ်များ ဖြတ်သန်းသွားလာရန် ရေလမ်းကြောင်းကို ၂၀၂၂ ခုနှစ် မေ ၄ ရက်မှစ၍ အစုန်၊ အဆန် ရေလမ်းအဖြစ် ရေလယ်တိုင်အမှတ်(၁၇) နှင့် (၁၈) အကြား ပြောင်းလဲဖွင့်လှစ်ထားသည်။
May 05, 2022
(၂၉) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာ နှီးနှောဖလှယ်ပွဲကို မေ ၉ ရက်မှ ၁၁ ရက်အထိ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
May 05, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
May 05, 2022
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အား သစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့ အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ “မန်းသိင်္ဂါ”ရုပ်စုံသဘင် သုဝဏ္ဏသာမ ဇာတ်တော်ကြီးကို မေ ၇ ရက် စနေနေ့ ည ၈ နာရီ သတင်း အပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV – HD Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်သည်။