May 04, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
May 04, 2022
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ခုတင်(၅၀)ဆံ့ ဇဗ္ဗူသီရိဆေးရုံ၌ Myancopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများကို ကြည့်ရှု အားပေးပြီး လာရောက်ထိုးနှံနေသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ လုပ်ငန်းဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
May 04, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်နှင့် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကို မေ (၂)ရက် မွန်းလွဲ ၃ နာရီခွဲတွင် တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံး ကားလမ်းမဘေးရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 04, 2022
မှတ်ချက်။ (၁) MOPS ဈေးနှုန်းပေါ်တွင် အခြေခံတွက်ချက်ထားခြင်းဖြစ်ပါသည်။
May 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၃)ကြိမ်မြောက် သတင်းစာ ရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၇ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
May 04, 2022
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံး အဆောက်အအုံသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ တောင်ကြီး- ဟိုပုံး ကားလမ်းမဘေးရှိ အဆိုပါအဆောက်အအုံ၌ ကျင်းပသည်။
May 04, 2022
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူး၍ (၂၉) နှစ်မြောက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day) အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီရုံးခန်းမ၌ ကျင်းပသည်။
May 04, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာန၏ “အနုသုခုမဆိုင်ရာ စာတမ်းဖတ်ပွဲ-၁/၂၀၂၂” ကို ယနေ့ နံနက် ၉ နာရီက နေပြည်တော် ရုံးအမှတ် (၃၅) ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
May 04, 2022
နယ်စပ်ရေးရာဝန်ကြီးဌာန ပညာ ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ဗဟိုလေ့ကျင့်ရေး ကျောင်းတွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင် ရည်မြှင့်တင်ရေး သင်တန်းများ ဖြစ်သော စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၇၆)၊ အဆင့်မြင့် စက်ချုပ်နည်းပြသင်တန်း အမှတ် စဉ်(၄၀)၊ စာရေးဝန်ထမ်းသင်တန်း အမှတ်စဉ်(၁၁၀) သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် သင်တန်း ကျောင်းခန်းမ၌ ကျင်းပခဲ့ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသိန်း ဌေးဦး တက်ရောက်၍ သင်တန်း ဖွင့် အမှာစကားပြောကြားသည်။
May 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမောင်းဟာ၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုး၊ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိ သူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကျွန်းစုမြို့နယ်ရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီလီမိတက် ငါး၊ ပုစွန် တန်(၁၀၀၀) အအေးခန်း စက်ရုံကို သွားရောက်ကြည့်ရှုသည်။
May 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ ကမ်းရိုးတန်း ဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် စောသန်း လှိုင်နှင့် တာဝန်ရှိသူတို့လိုက်ပါ၍ ယနေ့တွင် မြိတ်တပ်နယ်၊ ပလောက် တပ်နယ်နှင့် ဟိန်းဇဲတပ်နယ်တို့မှ အရာရှိ၊ စစ်သည်မိသားစုဝင်များ၊ သင်တန်းသား စစ်သည်များအား သီးခြားစီတွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
May 04, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူများကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါကို ကျော်လွှားနိုင်အောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် ပေါ်ပေါက်ခဲ့သည့် မဲမသမာမှုနှင့်ပတ်သက်၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်ဖွဲ့စည်းပြီး မဲစာရင်းများ စစ်ဆေးခြင်းအပါအဝင် လုပ်ဆောင်သင့် လုပ်ဆောင်ထိုက်သည်များကို ဥပဒေနှင့်အညီ လုပ်ဆောင်လျက် ရှိသည်။
May 04, 2022
၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်ပြီး တစ်နိုင်ငံလုံး တွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဧပြီလ ၂၂ ရက်က ပြောကြားသည့် ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် မိန့်ခွန်းတွင် ပါရှိသည်။ လက်ရှိနိုင်ငံတော်၏ အကြီးအကဲ၊ တပ်မတော်၏ ခေါင်းဆောင်အနေဖြင့် နိုင်ငံတစ်ဝန်းလုံး တွင်ရှိနေသော တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လွတ်လပ်ရေး၏အရသာ၊ဒီမိုကရေစီ၏ အရသာ၊ ငြိမ်းချမ်း ရေး၏အရသာကို အပြည့်အဝခံစားရရှိနိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များ ကိုဖိတ်ခေါ်လိုက်ပြီဖြစ်ရာငြိမ်းချမ်းရေးကိုလိုလား တောင့်တနေကြသည့် ပြည်သူလူထု၏ ဆန္ဒနှင့် တစ်ထပ် တည်းပင်ဖြစ်သည်။
May 03, 2022
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 03, 2022
နိုင်ငံရေးအစွန်းရောက် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် ဒေသန္တရ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများအသုံးပြု၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများအား မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြု၍ မြို့/ရွာများအတွင်းသို့ အဆင်အခြင်မဲ့ ရက်စက်စွာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်းများအား ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
May 03, 2022
အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းဆောင်ခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး ကော်မတီနှင့် The Country Task Force on Monitoring and Reporting - CTFMR တို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ video conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။
May 03, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
May 03, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ဟဲဟိုးလေဆိပ်သို့ရောက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော သတင်းပြန်ကြားရေးကောင်တာ ဝန်ထမ်းများ တာဝန်ထမ်းဆောင် နေမှုကို ကြည့်ရှုစစ်ဆေးသည်။