May 17, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရှိ သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ်၊ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သမဝါယမကောလိပ်နှင့် အမရပူရမြို့နယ်ရှိ ဆောင်းဒါး ရက်ကန်းနှင့် အသက်မွေးပညာ သိပ္ပံတို့မှ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို အားပေးကြည့်ရှုပြီး ကျောင်းများမှ ဆရာ ဆရာမများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်သည်။
May 17, 2022
ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေအရာရှိများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝန်ကြီးရုံး မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
May 17, 2022
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် အုပ်ချုပ်မှုစွမ်းရည်မြင့်မားရေး သင်တန်းအမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရတနာခန်းမ၌ ကျင်းပသည်။
May 17, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန် ထမ်းဆောင်မည့် ဌာနခွဲစာရေးများ အင်္ဂလိပ်စာနှင့်နိုင်ငံခြားရေးရာ ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဌာနလောကနတ်ခန်းမ၌ ကျင်းပသည်။
May 17, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန နေပြည်တော် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ကွပ်ကဲမှုအောက်ရှိ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ပျဉ်းမနားမြို့နယ်နှင့် တပ်ကုန်းမြို့နယ် ဘဏ်ခွဲလေးခုမှ တောင်သူဦးကြီးများအား ၂၀၂၂ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် စတင်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
May 17, 2022
အချိန်တန်အရွယ်ရောက် လူလားမြောက်သည့်အခါ အသက်အရွယ်အလိုက် လုပ်ကိုင်ရမည့် အလုပ်များကို မဖြစ်မနေ လုပ်ကိုင်ကြရမည်ဖြစ်သည်။ ပညာရှာချိန်အရွယ်တွင် ပညာရှာ၊ အလုပ်လုပ်ကိုင်ရမည့်အရွယ်တွင် အလုပ်လုပ်ကိုင်ကြရမည် ဖြစ်သည်။ သို့သော် အကြောင်းအမျိုးမျိုးတို့ကြောင့် သူ့အချိန်အခါနှင့် သူ့အသက်အရွယ်အရ လုပ်သင့်လုပ်ထိုက်သော အလုပ်များကို မလုပ်ကိုင်နိုင်ကြသောသူများအား တွေ့ရမည်ဖြစ်သည်။
May 17, 2022
နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေးသည် တိုင်းရင်းသားပြည်သူ အားလုံးတို့၏ လိုအင်ဆန္ဒဖြစ်သည်။ လွတ်လပ်ရေး၏အရသာ၊ ဒီမိုကရေစီ၏ အနှစ်သာရတို့ကို ဆယ်စုနှစ်ပေါင်း များစွာ အပြည့်အဝ မခံစားရသေးသည့် တိုင်းရင်းသားပြည်သူတို့၏ ငြိမ်းချမ်းရေး လိုအင်ဆန္ဒကို တပ်မတော်က ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ လာမည့်နှစ်တွင် ၇၅ နှစ်ပြည့်တော့မည့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးမှာ လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားပြည်သူလူထု၏ လူမှုစီးပွားဘဝများ ပြည့်စုံဖူလုံရေးနှင့် သာယာဝပြောရေးတို့ကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏နောက်သို့ တစ်စတစ်စနှင့် ရောက်ရှိသွားခဲ့သည်။
May 16, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ် ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး ဆိုသည့် လူမှုရေး ဦးတည်ချက်တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ် လူငယ်များ၏ ပညာရည် မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်း ပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထား ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
May 16, 2022
အကြမ်းဖက်အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းပြည်တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် အချို့ဒေသများတွင် လက်နက်ကိုင်အကြမ်းဖက်မှုများ၊ လမ်း၊ တံတား ဖောက်ခွဲဖျက်ဆီးမှုများအပြင် အများပြည်သူနေထိုင်လျက်ရှိသည့် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။
May 16, 2022
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
May 16, 2022
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ယနေ့တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပလျက်ရှိသည် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Ha Long City ၌ ကျင်းပလျက်ရှိသည့် အမျိုးသမီးဘောလုံးပြိုင်ပွဲနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲဝင် မြန်မာအားကစားသမားများကို သွားရောက်တွေ့ဆုံ နှုတ်ဆက်သည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၁၆-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
May 16, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိပါသည်။
May 16, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မကွေးမြို့မြသလွန်စေတီတော်တွင် ဖွင့်လှစ်ထားရှိမည့် သတင်း ပြန်ကြားရေးကောင်တာ ဖွင့်လှစ်ပွဲသို့ တက်ရောက်သည်။
May 16, 2022
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် အခြေခံပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ပြည်နယ်များမှ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများ ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 16, 2022
မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံသည် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေးများ ရယူသုံးစွဲခဲ့မှုများအပေါ် ဥပဒေ နှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
May 16, 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှားနိုင်ငံသို့ သယ်ဆောင်မည့် ငွေကျပ် ၆ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
May 16, 2022
ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များ၌ မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ ပဉ္စမအသုတ်သည် ယနေ့နံနက် ၁၀ နာရီတွင် မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာကြရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
May 16, 2022
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် မေ ၁၅ ရက်၌ နယ်စပ် (ချင်းရွှေဟော်)တွင် ကုမ္ပဏီ နှစ်ခုမှ Sai B6 Injection ၂၅၈၀၊ Sai B12 Injection ၆၀၆၀၀၊ Paracetamol Tablet ၁၀၈၅ခု၊ GlucoseInjection ၈၁၁၂၀၊ Disposable Syringe ၄၂၆၀၊ Pai B6 Injection ၁၄၆၄၀၊ Infusion Set ၃၃၂၀ ၊ Face Shield ၅၀၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
May 16, 2022
တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များအပါအဝင် လူမျိုးမရွေးဘာသာမရွေး အသက် ၄၀ နှစ်အထက် ဒေသခံပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည်ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီတိုက်ပွဲရှောင်စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်(၁၂)နှစ်အထက် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စသည့်ဦးတည်အုပ်စုများ သတ်မှတ်၍ တပ်မတော်မှဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
May 16, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ်ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။