နေပြည်တော် မေ ၁၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် မေ ၁၅ ရက်၌ နယ်စပ် (ချင်းရွှေဟော်)တွင် ကုမ္ပဏီ နှစ်ခုမှ Sai B6 Injection ၂၅၈၀၊ Sai B12 Injection ၆၀၆၀၀၊ Paracetamol Tablet ၁၀၈၅ခု၊ GlucoseInjection ၈၁၁၂၀၊ Disposable Syringe ၄၂၆၀၊ Pai B6 Injection ၁၄၆၄၀၊ Infusion Set ၃၃၂၀ ၊ Face Shield ၅၀၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်