May 20, 2022
နိုင်ငံတော်၏မြို့တော် နေပြည်တော်ကောင်စီနယ်မြေကို မြန်မာနိုင်ငံ၏ အချက်အချာဒေသတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ နေပြည်တော်ကိုဗဟိုပြု၍ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာတို့ သွားလာရန် လျင်မြန်လွယ်ကူသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ရေမြေအခြေခံကောင်းများရှိပြီး ရေအားလျှပ်စစ်ထုတ်လုပ်မှုနှင့် နီးကပ်လျက်ရှိခြင်းကြောင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တည်ထောင်နိုင်ရန် လိုအပ်သောစွမ်းအင်ကိုလည်း လွယ်ကူစွာရရှိနိုင်သည်။
May 19, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက်ဖိတ်ခေါ်မှုကို ပြည်သူများက ကြိုဆိုထောက်ခံသည့်အနေဖြင့် ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုလုပ်ငန်းများကို ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောင့်ယှက်မှုများအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ မဟာဗန္ဓုလပန်းခြံရှေ့တွင် ပြုလုပ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ (၁၄)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲပြုလုပ်
May 19, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၄) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက်ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
May 19, 2022
တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အဖွဲ့မှ ဥက္ကဋ္ဌ ဦးယွက်စစ်ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်မတော်လေဆိပ်သို့ ရောက်ရှိခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ ယဉ်ကျေးမှုဦးစီးဌာနမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
May 19, 2022
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေ ရဲမင်းနိုင်(ခ)ရဲရင့် (ဘ)ဦးဌေးလွင်၊ စိုးမိုး၊ သန့်ဇင်၊ ဒေဝ၊ ဆံရှည်၊ အသေးလေးနှင့် မအေးအေးမင်း(ခ) ဘိုမလေးတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ၂၀၂၂ ခုနှစ်၊ မတ် ၆ ရက်တွင် အဆိုပါရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ရာတွင်ပါဝင်ခြင်းတို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၄ အရ ၂၀၂၂ ခုနှစ်၊ မေ ၁၈ ရက်တွင် ၎င်းတို့ ၇ ဦးအား “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
May 19, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
May 19, 2022
နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
May 19, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ထပ်မံလှူဒါန်းသည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းအနက် ပထမအသုတ်ပေးပို့သည့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၅)သန်း doses နှင့် ဆေးထိုးအပ် (၂)သန်းတို့သည် ယမန်နေ့က ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး ယနေ့နေ့လယ်ပိုင်းတွင် ဒုတိယအသုတ်ဆေးထိုးအပ်(၅)သန်း ရန်ကုန်မြို့သို့ ဆက်လက်ရောက်ရှိသည်။
May 19, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
May 19, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၁၇ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ လှိုင်ဝဂိတ်အနီး၌ တင်သွင်းခွင့် အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် ဆင်တံဆိပ် ဘိလပ်မြေ (၁,၆၇၀)အိတ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆,၇၀၀,၀၀၀)နှင့် အဆိုပါ ဘိလပ်မြေများ တင်ဆောင်လာသည့် (၆)ဘီး မော်တော်ယာဉ်လေးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၁,၀၀၀,၀၀၀)ကိုလည်းကောင်း၊ မေ ၁၈ ရက်တွင် သံလွင်တံတား စစ်ဆေးရေးဂိတ်၌ မြဝတီမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီးပေါ်တွင် တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် မိုဘိုင်းလ်ဖုန်း (အဟောင်း)များ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၅၇၀,၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ်၁၂၉,၂၇၀,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 19, 2022
ရန်ကုန်မြို့၊ လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်းတွင် Online ဖြင့် ဖွင့်လှစ်ခဲ့သည့် UN Conventions, Laws & Policies Awareness သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာဌာနခွဲမှညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ဘာသာရပ်ဆိုင်ရာနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။
May 19, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန လျှပ်စစ်ဓာတ်ခွဲခန်းသို့ ရောက်ရှိပြီး Transformer များ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ အိမ်သုံးဝါယာကြိုးများ စံချိန်စံညွှန်းများနှင့်အညီ ထုတ်လုပ်တပ်ဆင်ခြင်း ရှိ/မရှိနှင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
May 19, 2022
အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။
May 19, 2022
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ကြီးမှူးကျင်းပသည့် အခြေခံပညာအထက်တန်းဆင့် (Grade-11)သင်ရိုးသစ် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနားကို မေ ၁၆ ရက်တွင် စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း စံပယ်ခန်းမ၌ ကျင်းပခဲ့သည်။
May 19, 2022
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးအလုံး ၁၀ သန်း doses နှင့် ဆေးထိုးအပ် ၁၃ ဒသမ ၀၅၆ သန်းကို လှူဒါန်းမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းတွင် ပထမအသုတ်အနေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ Sichun Airline ဖြင့် Sinopharm ဆေးအလုံး ငါးသန်း doses နှင့် ဆေးထိုးအပ်နှစ်သန်း ရောက်ရှိသည်။
May 19, 2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စုပေါင်း အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တက်ရောက် အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ ပြည်နယ်သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
May 19, 2022
အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမျိုးသားပြတိုက်(နေပြည်တော်) Mini Theatre ၌ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။
May 19, 2022
အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)နှင့် နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄)ရှိ စာရင်းမှတ်တမ်း အချက်အလက်များကို နည်းပညာ၊ စက်ကိရိယာများအသုံးပြု၍ ကွန်ပျူတာအတွင်း ထည့်သွင်းဆောင်ရွက်ခြင်းကို မိမိတို့ဌာနနှင့် ဆက်စပ်ဌာနများ၊ လုပ်အားပေးလူငယ်များ အင်အားဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းလုပ်ငန်းစဉ်အား သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ အနီးကပ်ကြီးကြပ်မှုဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မေ ၁၆ ရက် နံနက်ပိုင်းက ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ပြောကြားခဲ့သည်။
May 19, 2022
နိုင်ငံတော်၏ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် အစိုးရနှင့်ပုဂ္ဂလိကများအပိုင်းက သက်ဆိုင်ရာကဏ္ဍများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ရန် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အောက်ရှိ ညီနောင်အသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို မေ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ယုဇနဧည့်ဂေဟာ၌ ကျင်းပသည်။
May 19, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၏ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ပေါင်းလောင်းမြစ်ပေါ်တွင် အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည့် အလယ်ပေါင်းလောင်း ရေအားလျှပ်စစ် စီမံကိန်းနှင့် နန်ချိုရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။