May 16, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ မေ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေဆိပ်ကုန်လှောင်ရုံ (လေဆိပ်သွင်းကုန်)၌ စုံစမ်းစစ်ဆေးရေးနှင့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဌာနခွဲ အကောက်ခွန်စစ်ဆေးရေးအဖွဲ့ကစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ
May 16, 2022
(၁၅)ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို ၂၀၂၂ ခုနှစ် မေ ၁၅ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ Conrad Hotel Bali ၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့သည်။
May 16, 2022
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 16, 2022
(၁၅) ကြိမ်မြောက် အာဆီယံကျန်းမာရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ၏ ဒုတိယနေ့ကို မေ ၁၅ ရက် နေ့လယ်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့ CONRAD HOTEL BALI ၌ ဆက်လက်ကျင်းပသည်။
May 16, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (သန်လျင်)နှင့် ကျောက်တန်းမြို့နယ်ရုံးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 16, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း ဦးဆောင်၍ ညွှန်ကြားရေးမှူးချုပ်ဒေါ်ခိုင်ရွှေဝါ၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဇော်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၁၂ ရက်မှ ၁၃ ရက်အထိ ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် ကျင်းပသည့် အကြိမ်(၅၀)မြောက် အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့(အေစီယူ) ဒါရိုက်တာအဖွဲ့အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
May 16, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်တွင် နွေစပါးတစ်ဧက တင်း ၁၂၀ အထက်ထွက်ရှိရေး ဧက ၅၀ စံပြကွက်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာအုပ်စု စံပြစိုက်ကွင်း ရှင်းလင်းဆောင်၌ကျင်းပသည်။
May 16, 2022
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် အစည်းအဝေးခန်းမသို့ရောက်ရှိပြီး ဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်း၊ ပါမောက္ခချုပ်၊ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
May 16, 2022
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီနှစ်ခု၊ ယာဉ်စီးရေနှစ်စီးဖြင့်နှာ ခေါင်းစည်း (Mask) ၁၉ တန် တင်သွင်းခဲ့ကြောင်း သိရသည်။
May 16, 2022
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ်ညီလာခံကို မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
May 16, 2022
ပြည်ထဲရေးဝန်ကြီးဌာနတပ်ဖွဲ့ဝင်/ ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းခြင်းကို ဆောင်ရွက်လျက်ရှိသည်။
May 16, 2022
ဆေးတက္ကသိုလ်များ၏ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ပြီး၍ ၂၀၂၀ ပြည့်နှစ်ဒီဇင်ဘာလနှင့်၂၀၂၁ခုနှစ် အောက်တိုဘာလများတွင် ဆေးပညာဘွဲ့ရအောင်စာရင်းထုတ်ပြန်ပြီးသူ စုစုပေါင်း၁၂၂၂ ဦးတို့အား ကတိခံဝန်ချက်အတိုင်း နိုင်ငံ့ဝန်ထမ်းအဖြစ် သုံးနှစ်မပျက်မကွက်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးကြေညာချက်ထုတ်ပြန်ထားသည်။
May 16, 2022
နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့်တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များနှင့်ကောလိပ်များ ပုံမှန်ပညာသင်နှစ်အတိုင်း ပြန်လည်ဖွင့်လှစ်လိုက်ခြင်းနှင့်အတူ နိုင်ငံ့အနာဂတ်၏အညွန့်အဖူး ကျောင်းသား၊ ကျောင်းသူလူငယ်ကလေးများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေကြသည့် သတင်းမြင်ကွင်းများမှာ မင်္ဂလာနှင့်ပြည့်စုံ၍ ကြည်နူးဖွယ်ရာပင်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းများ၊ အဆင့်မြင့်ပညာသင်တက္ကသိုလ်၊ ကောလိပ်များပါ ပိတ်ခဲ့ရသည့်အတွက် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးထိခိုက်နစ်နာခဲ့ကြရသည်။ ထို့အပြင် ပြည်ပရောက်အကြမ်းဖက်အုပ်စုများ၏ ခြိမ်းခြောက်နှောင့်ယှက်မှုများ၊ ၎င်းတို့၏နောက်လိုက် ပြည်တွင်းအကြမ်းဖက်သမားများ၏ တိုက်ခိုက်မှု၊ သတ်ဖြတ်မှုများကလည်း ကျောင်းသား ကျောင်းသူများ၏ ပညာသင်ကြားမှုအပေါ် ထိခိုက်နစ်နာမှုကြီးမားစေခဲ့သည်။
May 15, 2022
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ သပြေဝကျေးရွာအနီးရှိ Clean Power Energy Co.,Ltd မှ တည်ဆောက်ထားသော ၃၀ မဂ္ဂါဝပ် သပြေဝနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ်လုပ်နေမှုနှင့် ၂၃၀ ကေဗွီ သပြေဝပင်မဓာတ်အားခွဲရုံတို့မှ ဓာတ်အားဖြန့်ဖြူးနေမှုတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 15, 2022
ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝူရှူးအားကစားနည်း Nangun(နန်းကွန့်) တုတ်ရှည်ပြိုင်ပွဲ၌ မောင်သိန်းသန်းဦးမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြန်မာနိုင်ငံအတွက် စတုတ္ထမြောက်ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ထပ်မံဆွတ်ခူးရရှိခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ရွှေတံဆိပ်ဆုရှင် မောင်သိန်းသန်းဦးအား ဂုဏ်ပြုချီးမြှင့်ငွေ US $ 3000 ကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ကိုယ်စားပေးအပ်ချီးမြှင့်သည်။
May 15, 2022
(၁၅-၅-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
May 15, 2022
(၁၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ခြင်းမင်္ဂလာအခမ်းအနား (ပထမ)ပိုင်း မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညို၍ သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းမင်္ဂလာအခမ်းအနားကို ယနေ့ညနေ ၄ နာရီတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးလိုဏ်ဂူတော်အတွင်း ဂေါတမဗုဒ္ဓရုပ်ပွားတော်ဆင်းတုတော်ရှေ့၌ ကျင်းပသည်။
May 15, 2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ဓာတုစယဓာတ်ပေါင်းစုစေတီတော်မြတ်ကြီး ပရိဝုဏ်တော်၏အရှေ့အရပ်ရှိ မဟာဗောဓိညောင်ပင်တော်အား (၁၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်း လောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၇ နာရီက စေတီတော်မြတ်ကြီးပရိဝုဏ်အတွင်း၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနကြီးမှူးများ၊ ဌာနမှူးနှင့် ဒုဌာနမှူးများ၊ အလှူရှင်များနှင့် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။
May 15, 2022
တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) သည် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် မေ ၁၃ ရက်ညနေပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် သို့ရောက်ရှိကြရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူး၊ တနင်္သာရီရေတပ်စခန်းဌာနချုပ်မှ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် သိန်းထူး၊ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။