Jul 15, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၂၀၂၂ ခုနှစ် ပညာရည်ချွန်ဆုနှင့် ထူးချွန်ဆုများ ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၅) ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jul 15, 2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန္နီနှင့် မူဆယ်မြို့နယ်တို့တွင် တရားမဝင် တင်သွင်းလာသည့် ထိန်းချုပ်ဓာတုပစ္စည်းများ၊ အခြားဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jul 15, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် ဇူလိုင် ၁၃ ရက်၊ နံနက်ပိုင်းတွင် ရန်ကုန်မြို့ Hotel Yangon ရှိ ဝန်ထမ်းများ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံခြင်းအခမ်းအနားသို့ တက်ရောက်၍ ဟိုတယ်ဝန်ထမ်း (၁၁၂)ဦး ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးနေမှုများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်)မှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးသည်။
Jul 15, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေး(မြောက်)၊ သမဝါယမအသင်းစု ချေးငွေလုပ်ငန်းဌာနတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ရွှေဘိုခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သော တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းကို ၂၀၂၂ ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့မှ ဇူလိုင်လ (၃)ရက်နေ့ထိ သင်တန်းကာလ (၇)ရက်ဖြင့် နေ့စဉ်နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီထိ သင်ကြားပို့ချလျက်ရှိရာ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/ သင်တန်းသူများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Jul 15, 2022
ဒူးရင်းသီးဆိုလိုက်ရင် ကြားတာနဲ့ စားချင်လာပြီဆိုတဲ့ သူတွေရှိသလို ဒူးရင်းသီးလား အနံ့တောင်မခံနိုင်ဘူး ဆိုသူတွေလည်း ရှိကြပါတယ်။ ရာသီစာဒူးရင်းသီးကို သူရဲ့အရသာကြောင့် ကြိုက်တဲ့လူအများကြီး ရှိပေမယ့်လည်း အနံ့ကြောင့် အများစုက ကြိုက်နှစ်သက်ခြင်း မရှိကြပါဘူး။
Jul 15, 2022
ယခင်က စားသုံးသူ အကာအကွယ်ပေးရေးကိစ္စများသည် မရှိသလောက် နည်းပါးခဲ့ပါသည်။ ၁၉၆၀ နောက်ပိုင်းနှစ်များတွင်မူ စားသုံးသူများအား အကာအကွယ်ပေးရေးနှင့် ပတ်သက်သည့် လှုပ်ရှားမှုများသည် ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့မှ စတင်မြစ်ဖျား ခံလာခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်၊ မတ်လ၊ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် ညီလာခံတွင် အမေရိကန်သမ္မတ John F. Kennedy သည် သမိုင်းဝင်ကြေငြာချက်အဖြစ် ထည့်သွင်းပြောကြားခဲ့ပါသည်။
Jul 15, 2022
လျှော်ဖြူပင်ကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် အဓိကစိုက်ပျိုးကြသည်။ လျှော်ဖြူပင်သည် ရေငတ်ဒဏ်၊ ပူပြင်းသောရာသီဥတုဒဏ်ကို ခံနိုင်သော အပင်မျိုးဖြစ်သည်။ နှစ်ရှည်ပင်အမျိုးအစားတွင်ပါဝင်သော လျှော်ဖြူပင်ကို စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးထုတ်လုပ်အောင်မြင် လျှက်ရှိသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင်ခရိုင်(၇)ခုမှ လျှော်ဖြူစိုက်ဧကပေါင်း (၂၇၆၂၃)ဧကရှိကြောင်း၊ ၎င်းစိုက်ဧက များမှ လျှော်ဖြူစေးကုန်ကြမ်း (၄၅၃၆)ဧကအား ထုတ်ယူနေကြောင်း လေ့လာသိရှိရပါသည်။ လျှော်ဖြူပင်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးသည်ထိ စိုက်ပျိုးလာကြောင်း တွေ့ရသည်။
Jul 15, 2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် မဲဇလီရေလွှဲဆည်ရေဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ပဲထောပတ်၊ ပဲတီစိမ်း၊ စိုက်ပျိုးကြပြီး မုန်းချောင်းဘေးတစ်လျှောက်ရှိ မြေနုကျွန်းနှင့်ကိုင်းမြေများတွင် ဟင်းသီးဟင်း ရွက်စားပင် သီးနှံမျိုးစုံနှင့် နှစ်ရှည်သီးနှံများကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
Jul 15, 2022
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် “Building a fair and future Ready Marketplace for consumer in ASEAN” ဟူသော Theme ဖြင့် ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာဆီယံစားသုံးသူ ကာကွယ်ရေးညီလာခံ (3rd ASEAN Consumer Protection Conference) ကိုဖိလစ်ပိုင် နိုင်ငံမှအိမ်ရှင်အဖြစ်တာဝန်ယူ၍ Virtual စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံစားသုံးသူ ကာကွယ်ရေးကော်မတီ၏ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်အဖွဲ့ဝင်၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
Jul 15, 2022
ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ဦးခရိုင်မှ ဝန်ထမ်းများသည် Pacific Co.,Ltd မှဝန်ထမ်းများပူးပေါင်း၍ (၁၇-၆-၂၀၂၂)ရက်နေ့ နံနက် ၁၀ အချိန်ခန့်တွင် မြောက်ဦးခရိုင်၊ မြောက်ဦးမြို့ မြို့မဈေးကြီးရှိ ဈေးဆိုင်များသို့ သွားရောက်၍ အလေးချိန်လျော့နည်းသော PARIS ဆပ်ပြာခဲများ ပြန်လည်သိမ်းဆည်းလဲလှယ်ပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
Jul 15, 2022
အာဆီယံဝန်ဆောင်မှု ညှိနှိုင်းရေးကော်မတီ၏ (၅) ကြိမ်မြောက် လူပုဂ္ဂိုလ်များယာယီ ရွှေ့ပြောင်းသွားလာမှုဆိုင်ရာ အထူးအစည်းအဝေး (Fifth Special Meeting of the Coordinating Committee on Services (CCS) on Movement of Natural Persons (MNP) အား Hybrid ပုံစံ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၆)ရက်နေ့မှ (၈)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့သည်။
Jul 15, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားမှုအခြေအနေတို့နှင့်စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား တိုင်းဒေသ ကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များတွင် လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 15, 2022
“အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂)” ကို အမှတ်တံဆိပ် မှတ်ပုံတင်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်မည့်သူများအတွက် အောက်ပါအစီအစဉ် အတိုင်း ကျင်းပသွားမည် ဖြစ်ပါသည်-
Jul 15, 2022
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် နှစ်စဉ်စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းစားသုံပိုလျှံသည့် စိုက်ပျိုးရေးထွက်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိရာ နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေနိုင်သည့် ကဏ္ဍတစ်ရပ်လည်းဖြစ်ပေသည်။ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသော စိုက်ပျိုးရေးထွက်ကုန်များမှာ ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံ၊ ငရုတ်၊ ကြက်သွန်၊ ပြောင်း၊ သရက်၊ ဖရဲ၊ ငှက်ပျော၊ မြေပဲ၊ နှမ်းစသည့် ကုန်စည်များဖြစ်ပြီး အခြားသော ရေထွက်ကုန်ပစ္စည်းများ၊ တိရိစ္ဆာန်ထွက်ပစ္စည်းများကိုလည်း တင်ပို့ရောင်းချလျက်ရှိသည်။
Jul 15, 2022
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့တွင် ရွှေလံဗိုလ်ငရုတ်သီး (ဒေသအခေါ်) စိုက်ပျိုးခြင်းကို မိသားစုတနိုင်တပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြကြောင်း သိရသည်။
Jul 15, 2022
ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများကို စစ်ဆေးဆောင်ရွက်မည့် အရာထမ်း/ အမှုထမ်းများအတွက် Formality Examination အား Industrial Property Administration System (IPAS) စနစ်ဖြင့် စစ်ဆေးခြင်းဆိုင်ရာမွမ်းမံသင်တန်း (၁/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Jul 15, 2022
ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းဆိုင်ရာကိုယ်စားလှယ်သင်တန်း (၂/၂၀၂၂) သင်တန်းဝင်ခွင့် ရရှိသည့် သင်တန်းသားအမည်စာရင်းထုတ်ပြန်ခြင်း (မူကြမ်း)(ပထမပိုင်း)
Jul 15, 2022
စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်
Jul 15, 2022
မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်း/ ခရိုင်/ မြို့နယ်များအလိုက် စာသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ တောင်တွင်း၊ ချောက်မြို့နယ်များအတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် မြို့ပေါ်ဈေးများရှိ စားသုံးဆီအရောင်းဆိုင်၊ စက်သုံးဆီအရောင်းဆိုင်နှင့် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များ၊ ဒေသတွင်းမုန့်မျိုးစုံထုတ်လုပ် ရောင်းချသူများအား လုပ်ငန်းရှင် တွေ့ဆုံခြင်း (၁၃)ကြိမ်နှင့် အသိပညာပေးခြင်းတွင်