Skip to main content

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများကို စစ်ဆေးဆောင်ရွက်မည့် အရာထမ်း/အမှုထမ်းများအတွက် Formality Examination အား Industrial Property Administration System (IPAS) စနစ်ဖြင့် စစ်ဆေးခြင်းဆိုင်ရာမွမ်းမံသင်တန်း

ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်မှတ်ပုံတင်လျှောက်ထားခြင်းများကို စစ်ဆေးဆောင်ရွက်မည့် အရာထမ်း/အမှုထမ်းများအတွက် Formality Examination အား Industrial Property Administration System (IPAS) စနစ်ဖြင့် စစ်ဆေးခြင်းဆိုင်ရာမွမ်းမံသင်တန်း (၁/၂၀၂၂)ကို ၂၀၂၂ ခုနှစ်၊ ဇွန်လ(၂၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ရုံးအမှတ် (၅၂) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းတွင် မူပိုင်ခွင့်ဦးစီးဌာန၏ ကုန်အမှတ်တံဆိပ် စစ်ဆေးရေးအရာရှိ/ အမှုထမ်းစုစုပေါင်း (၂၉) ဦးပါဝင်တက်ရောက်ပြီး အိုင်တီဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ မေဖြိုးသွယ်က စစ်ဆေးရေးအရာရှိများသာအသုံးပြုရမည့် မူပိုင်ခွင့်မှတ်ပုံတင်ခြင်းများ စီမံခန့်ခွဲ ပေးသည့်စနစ် Industrial Property Administration System (IPAS) သည် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်၊ တီထွင်မှုမူပိုင်ခွင့်၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် မှတ်ပုံတင်ခြင်းတို့အတွက် လျှောက်လွှာလက်ခံခြင်းမှစ၍ မှတ်ပုံတင်လက်မှတ်ရရှိပြီး နောက်ဆက်တွဲလုပ်ငန်းများအထိ ရုံးလုပ်ငန်းစဉ်အဆင့်ဆင့် စီမံခန့်ခွဲမှုများကိုဆောင်ရွက်ပေးသည့် ပြုပြင်ပြောင်းလဲလွယ်သည့် စနစ်တစ်ခုဖြစ် ပါကြောင်းနှင့် ကုန်အမှတ်တံဆိပ်စစ်ဆေးခြင်း Business Workflow အား System နှင့်ဆက်စပ် ၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။

ဆက်လက်၍ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ရည်မွန်လှိုင်က IPAS System အတွင်း ဆောင်ရွက်ပုံအဆင့်ဆင့်ကို သရုပ်ပြသခြင်း၊ ပြန်လည်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် တက်ရောက်လာသော သင်တန်းသား/သူများကို လက်တွေ့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA