Skip to main content

Jul 14, 2022

၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ကာ ယခုအချိန်ထိ အရှိန်မသေသေးသည့် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကမ္ဘာ့နိုင်ငံများအားလုံး ထိခိုက်ခံစားကြရသည်။ အထူးသဖြင့် ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့စီးပွားရေးသည် လေးလံတုံ့ဆိုင်းကျဆင်းခဲ့ရာတွင် နိုင်ငံများစွာတို့လည်း တစ်နွယ်ငင် တစ်စင်ပါဆိုသလို စီးပွားရေးနှင့်ဆက်နွှယ်၍ နိုင်ငံရေး၊ လူမှုရေးတို့တွင်လည်း ရိုက်ခတ်မှုများရှိခဲ့သည်။ သည်ကြားထဲတွင် ရုရှား-ယူကရိန်း စစ်ပွဲဖြစ်ပေါ်လာသောအခါ ယင်းနှင့်ဆက်နွှယ်၍ ဖြစ်ပေါ်လာသည့် စားနပ်ရိက္ခာပြဿနာ၊ လောင်စာစွမ်းအင်ပြဿနာတို့က လည်း ကမ္ဘာတစ်ခွင်လုံးကို တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်၍တစ်ဖုံ အထိနာစေခဲ့ရာ ကပ်ရောဂါနှင့် စစ်ပွဲဆိုင်ရာပြဿနာတို့က သီရိလင်္ကာကဲ့သို့သော အားနည်းသည့်ဓာတ်ခံရှိနေသည့် နိုင်ငံမျိုးကို အဆိုးရွားဆုံးအခြေအနေဆီသို့ ကျရောက်သွားစေခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူးဗိုလ်မှူးချုပ်မိုးကျော်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် ညနေပိုင်း တွင် Republic of the Tatarstan ၊ ကာဇန်မြို့၊ ကာဇန်လေဆိပ်သို့ ရောက်ရှိကြရာ Republic of the Tatarstan သမ္မတMr. Rustam Nurgaliyevich Minnikhanov နှင့် တာဝန်ရှိသူတို့က ရိုးရာဓလေ့ထုံးတမ်းစဉ်လာများနှင့်အညီ ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူးဗိုလ်မှူးချုပ်မိုးကျော်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ ကာဇန်မြို့ရှိ PJSC “Tatneft” ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး Kazan Hi-Technology Park သို့ သွားရောက်လေ့လာကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူးဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် Republic of the Tatarstan ၊ ကာဇန်မြို့ရှိ Kazan Federal University သို့ သွားရောက်လေ့လာသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူပိုင်အဆောက်အဦများ၊ လမ်းတံတားများအား ဗုံးခွဲတိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ဘုရားကျောင်းကန်၊ စေတီပုထိုးများနှင့် ပြည်သူလူထုအား အကာအကွယ်ယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ပြည်သူများအား ခြိမ်းခြောက်ခြင်းနှင့် ရက်စက်စွာ ဖမ်းဆီးသတ်ဖြတ်ခြင်းအပါအဝင် လူစည်ကားသည့်နေရာများတွင် ဆင်ခြင်မဲ့စွာ ဗုံးခွဲခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စစ်ကိုင်းတိုင်းမှူးနှင့် တာဝန်ရှိသူများသည် ယနေနံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ခန္တီးမြို့သို့ရောက်ပြီး နယ်မြေခံတပ်နယ်သို့သွားရောက်၍ တပ်နယ်ခန်းမ၌ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို တွေ့ဆုံကာ လိုအပ်သည်များကို မှာကြားကာ တပ်နယ်မိသားစုများကို စားသောက်ဖွယ်ရာများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာစီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်းပိုင်းပြီးစီးမှု၊ တံတားတည်ဆောက်မှုနှင့် ရန်ကုန်ရှိ Rail Bus Engine -RBE စက်ရုံလုပ်ငန်းခွင်များကို ကြည့်ရှု့စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ပန်းခင်းစီမံချက် တိုင်းလုံးကျွတ်လျာထားချက် ရာနှုန်းပြည့်ပြီးမြောက်အောင်မြင်ပွဲကို ယနေ့နံနက် (၉) နာရီခွဲက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ မင်္ဂလာခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခုခံကျ/ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက်၏ နှစ်ပတ်လည်အစည်းအဝေး (NAP Annual Review Meeting) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော Leadership and Communication Skills နှင့် Project Cycle Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ငွေကျပ်သိန်း ၂,၁၀၀ တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၆၀ ၊ အလေးချိန် ၂၁ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးတို့၌ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ ဘာသာရေးခေါင်းဆောင်များ အပါအဝင် လူမျိုးမရွေး ဘာသာမရွေး အသက် ၄၀ အထက် ဒေသခံ ပြည်သူများ၊ အကျဉ်းသား၊ အကျဉ်းသူများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နာတာရှည် ရောဂါအခံရှိသူများ၊ ကယ်ဆယ်ရေးစခန်းများ၊ ယာယီ တိုက်ပွဲရှောင် စခန်းများအတွင်းရှိ ပြည်သူများ၊ အသက်ငါးနှစ်မှ ၁၂ နှစ်အထက် အခြေခံပညာမူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ စသည့် ဦးတည် အုပ်စုများသတ်မှတ်၍ တပ်မတော်မှ ဆေးအဖွဲ့များ၊ ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက ကာကွယ် ဆေးထိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင် ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ကုမ္ပဏီ နှစ်ခု၊ ယာဉ်စီးရေငါးစီးဖြင့် Mask ၃၄ တန် တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများကို သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “လှိုင်သာယာမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်အား မိုင်းထောင်ဖောက်ခွဲသည့်ဖြစ်စဉ်” ခေါင်းစဉ်ဖြင့် ဇူလိုင် ၁၃ ရက် မွန်းလွဲ ၁ နာရီ တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 13, 2022

မြန်မာနိုင်ငံ လွတ်လပ်ရေးကြိုးပမ်းမှုကာလက နယ်ချဲ့ဆန့်ကျင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးနှင့် ပတ်သက်သည်များကို ဗိုလ်ချုပ်အောင်ဆန်းက မကြာခဏပြောကြားလေ့ရှိသည်။ ထိုက်တန်တူတန်သည့် လွတ်လပ်သောနိုင်ငံတည်ဆောက်ရာ၌ စည်းလုံးညီညွတ်စွာဖြင့် မြဲမြံသောသတိဖြင့် ဝိုင်းဝန်းကြိုးပမ်းအားထုတ်မှသာ မျှော်မှန်းထားသည့် အတိုင်း ရရှိနိုင်ကြောင်း မှာကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်