မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ တိုင်း/ ခရိုင်/ မြို့နယ်များအလိုက် စာသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇွန်လအတွင်း မကွေးခရိုင်ဦးစီးမှူးရုံးအနေဖြင့် မကွေး၊ နတ်မောက်၊ မြို့သစ်၊ ရေနံချောင်း၊ တောင်တွင်း၊ ချောက်မြို့နယ်များအတွင်းရှိ ရပ်ကွက်ကျေးရွာနှင့် မြို့ပေါ်ဈေးများရှိ စားသုံးဆီအရောင်းဆိုင်၊ စက်သုံးဆီအရောင်းဆိုင်နှင့် ကုန်မျိုးစုံရောင်းချသူ လုပ်ငန်းရှင်များ၊ ဒေသတွင်းမုန့်မျိုးစုံထုတ်လုပ် ရောင်းချသူများအား လုပ်ငန်းရှင် တွေ့ဆုံခြင်း (၁၃)ကြိမ်နှင့် အသိပညာပေးခြင်းတွင် ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်း (၃)ကြိမ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဌာနဆိုင်ရာဝန်ထမ်းများအား အသိပညာပေးခြင်း (၁) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပြီး မင်းဘူးခရိုင်ဦးစီးမှူးရုံးအနေဖြင့် မင်းဘူး၊ စလင်း၊ ပွင့်ဖြူမြို့နယ်များ၌ ရပ်ကွက်ကျေးရွာနှင့် မြို့ပေါ်ဈေးများရှိ စားသုံးဆီအရောင်းဆိုင်၊ စက်သုံးဆီအရောင်းဆိုင်နှင့် ကုန်မျိုးစုံရောင်းချသူလုပ်ငန်းရှင်များ၊ ဒေသတွင်းမုန့်မျိုးစုံ ထုတ်လုပ်ရောင်းချသူများအား လုပ်ငန်းရှင်တွေ့ဆုံခြင်း (၇) ကြိမ်နှင့် ကျောင်းသား/သူများအား အသိပညာပေးခြင်း (၂) ကြိမ်၊ သရက်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် သရက်၊ မင်းတုန်း၊ ကံမ၊ အောင်လံ၊ ဆင်ပေါင်ဝဲမြို့နယ်များ အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများအား အသိပညာပေးခြင်း(၅) ကြိမ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ပူးပေါင်း၍ Online Media မှတစ်ဆင့် စားသုံးသူကာကွယ် ရေးအသိပညာပေး Talk Show (၁) ကြိမ်တို့အား ဆောင်ရွက်နိုင်ခဲ့ပါကြောင်း သိရှိရသည်။
ထို့အပြင် ပခုက္ကူခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပခုက္ကူ၊ ဆိပ်ဖြူ၊ ရေစကြိုမြို့များတွင် ရပ်ကွက် ကျေးရွာနေ မိဘပြည်သူများနှင့် တစ်ပိုင်တစ်နိုင်မုန့်ထုတ်လုပ်သူ လုပ်ငန်းရှင်များအား အသိပညာ ပေးခြင်း(၅)ကြိမ် အသိပညာပေးခဲ့ပြီး လုပ်ငန်းရှင်တွေ့ဆုံခြင်းအနေဖြင့် (၁၅) ကြိမ် တွေ့ဆုံ ဆွေးနွေးခြင်းများပြုလုပ်နိုင်ခဲ့ပါသည်။ အသိပညာပေးခြင်းအနေဖြင့် ပခုက္ကူမြို့ စက်မှုလယ်ယာ ဦးစီးဌာနမှ ဝန်ထမ်းများအား အသိပညာပေးခြင်း၊ အမျိုးသမီးအိမ်တွင်းမှု အသက်မွေးလုပ်ငန်း ပညာသင်ကျောင်း၌ အသိပညာပေးခြင်းစသည်ဖြင့် စုစုပေါင်းအသိပညာပေးခြင်း(၂) ကြိမ်၊ ရေစကြိုမြို့ အ.မ.က (၄) မူလတန်းကျောင်းရှိ ကျောင်းသား/ သူများအား အသိပညာပေးခြင်း (၁) ကြိမ်ပြုလုပ်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် စားသုံးသူကာကွယ် ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ ပြဌာန်းချက်များနှင့် စားသုံးဆီများ သယ်ယူဖြန့်ဖြူးရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ၊ စားသုံးသူကာကွယ် ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရ မည့်တာဝန်နှင့်တားမြစ်ချက်များ၊ ဥပဒေအရချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူများ ထိခိုက်နစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ဆွေးနွေးဟောပြောခဲ့ပြီး စားသုံး သူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် ဥပဒေစာအုပ်များအား ဖြန့်ဝေပေးခဲ့ ကြောင်း သတင်းရရှိပါသည်။
DOCA(မကွေး)