Jul 13, 2022
နှစ်စဉ် မိုးရာသီကာလသို့ကျရောက်လာတိုင်း သစ်ပင်စိုက်ပျိုးပွဲတော်များနှင့် သဘာဝရေပြင်များ၊ ဆည်ရေလှောင်တမံများအတွင်း ငါးမျိုးစိုက်ထည့်ပွဲများကို ကျင်းပလျက်ရှိသည်။ သစ်ပင် စိုက်ပျိုးပွဲတော်များတွင် နှစ်စဉ်စိုက်ပျိုးသည့် သစ်ပင်အရေအတွက်နှင့် အောင်မြင်ဖြစ်ထွန်းသည့် သစ်ပင်အရေအတွက်တို့ကို နှိုင်းယှဉ် ကြည့်ခြင်းအားဖြင့် စိုက်သမျှအောင်မြင်ဖြစ်ထွန်းစေရန်အတွက် ပျိုးပင်အရွယ်အစား ပိုမိုကြီးမားသည်အထိ ပြုစုပျိုးထောင်ပြီးမှ စိုက်ပျိုးခြင်း၊ ဒေသနှင့်ကိုက်ညီသည့် အပင်မျိုးများ စိုက်ပျိုးခြင်း၊ စိုက်ပျိုးပြီးသည့်နောက်တွင် ဆက်လက်ပြုစုပျိုးထောင်ပေးခြင်း၊ ရှင်သန်မှုမရှိသည့် အပင်များနေရာတွင် ကွက်လပ်ဖြည့်စိုက်ပျိုး ပေးခြင်းဖြင့် အောင်မြင်မှုရရှိသည့် နေရာများကို တွေ့ရှိရသည်။ သစ်ပင်စိုက်ပွဲတော်များကျင်းပပြီး ဆက်လက်ပြုစုပျိုးထောင်ခြင်း ကင်းမဲ့လျှင် ရှင်သန်ပေါက်ရောက်မှု ရာခိုင်နှုန်းနည်းပါးမည်သာဖြစ်သည်။
Jul 12, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာအဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက်ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများ၊ ဘုန်းတော်ကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိသည်။
Jul 12, 2022
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ဇူလိုင်လ ၁၁ ရက်နေ့က ဘဏ်မှငွေကျပ် သိန်း ၄၈၀၀ ထုတ်ယူလာသည့် မော်တော်ယာဉ်အား အကြမ်းဖက်သမား ၄ ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ လုယက်ယူဆောင်ခဲ့သဖြင့် ငွေထုတ်ပြန်လာသူများအနက် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Jul 12, 2022
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
Jul 12, 2022
ဝါဆိုလပြည့်နေသည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာ စတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ဧဟိဘိက္ခုဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည့်ဖြင့်ထူးခြားဂုဏ်ဒြပ် ကိုးရပ်တို့နှင့် ပြည့်စုံသောနေ့ထူးနေ့မြတ်ဖြစ်သည်။
Jul 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှုမြို့တော်ရှိ ရွှေစည်းခုံပုံတူစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ် နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို သာသနာတော်နှစ် ၂၅၆၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တဉာဏိဿရ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ကျောက်မဲဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒနဿရ၊ တိပိဋကဆရာတော် ဘဒ္ဒန္တသီလက္ခန္ဓာဘိဝံသနှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒ (ဓမ္မဒူတ ဆရာတော်) တို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Orthodox ဘုန်းတော်ကြီး၊ လားမားဘုန်းတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြသည်။
Jul 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာလုဂါပြည်နယ်၊ ETHNOMIR ကမ္ဘာ့ယဉ်ကျေးမှု မြို့တော်အတွင်းရှိ ရွှေစည်းခုံစေတီတော်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓါဘိသေကာ အနေကဇာတင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ဇူလိုင် ၁၀ ရက်နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) မှ အထူးလေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ပြီး ယင်းနေ့ဒေသ စံတော်ချိန် ညနေပိုင်းတွင် မော်စကိုမြို့ Sheremetyevo (ရှဲလ်ယယ် မြဲကျဲဗာ) အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin (အလက်ဇန်းဒါး ဗာစီးလီယယ်ဗစ် ဖိုမင်)၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးလွင်ဦး၊ စစ်သံမှူး ဗိုလ်မှူးချုပ် မိုးကျော်နှင့် တာဝန်ရှိသူများက လေဆိပ်၌ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
Jul 12, 2022
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu ကိုယ်စား ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ အကြီးအကဲများနှင့် ဇူလိုင် ၁၁ ရက်မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဧည့်ခန်းမဆောင်၌ အလုပ်သဘောတွေ့ဆုံ ဆွေးနွေးသည်။
Jul 12, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။
Jul 12, 2022
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်သော Asean+ Police Music Festival သို့ သွားရောက် ဖျော်ဖြေရန် ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲလေ့ကျင့်ရေးဌာနကြီး ရဲတီးဝိုင်းနှင့် ဖျော်ဖြေရေးဌာနခွဲမှ ဒုတိယရဲမှူးကြီး ဇော်နိုင်ထွန်း ဦးစီးဖျော်ဖြေရေးအဖွဲ့ ၃၆ ဦးသည် ဇူလိုင် ၇ ရက် နံနက် ၇ နာရီတွင် မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာခဲ့ရာ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ Noi Bai အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသ စံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိ သူများက ကြိုဆိုခဲ့ကြသည်။
Jul 12, 2022
ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားသည့် နေ့တစ်နေ့ဖြစ်သည်နှင့်အညီ ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ တရားဘာဝနာကျင့်ကြံအားထုတ်ခြင်းနှင့် လာရောက်ဖူးမြော်ကြည်ညိုခြင်း၊ ရပ်ကွက်၊ လမ်းများ၌ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်ပူဇော်ခြင်း၊ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများ ကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကားလျက်ရှိသည်။
Jul 12, 2022
ယနေ့သည် ဝါဆိုလပြည့်နေ့၊ ဓမ္မစကြာအခါတော်နေ့ဖြစ်သည်နှင့်အညီ နေပြည်တော်ရှိ တန်ခိုးကြီးဘုရား၊ ပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူပူဇော်သူ၊ တရားဘာဝနာပွားများ ကျင့်ကြံအားထုတ်သူ၊ ဒါနပြု၊ ကုသိုလ်ယူ၊ သီလဆောက်တည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
Jul 12, 2022
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၄) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းတော်ကပ်လှူပွဲနှင့် ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးတွင် ကျင်းပပြုလုပ်သည်။
Jul 12, 2022
ယနေ့သည် ဗုဒ္ဒဘာသာဝင်များ၏နေ့ထူးနေ့မြတ် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) ဖြစ်သည့်အားလျော်စွာ ရွှေတိဂုံစေတီတော်မြတ်ကြီးအပါအဝင် ရန်ကုန်မြို့ရှိ ဘုရားစေတီများ၌ ဥပုသ်သီတင်း ဆောက်တည်ကြသူများ၊ ကုသိုလ်ကောင်းမှုပြုကြသူများနှင့် အထူးစည်းကား လျက်ရှိသည်ကို တွေ့မြင်ရသည်၊၊
Jul 12, 2022
(၇၅) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အနေဖြင့် ဗိုလ်ချုပ်အောင်ဆန်းပြတိုက် (ရန်ကုန်)နှင့် ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်
Jul 12, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ ပညာ့ဝတီအိမ်ရာစခန်းသို့သွားရောက်ပြီး ဝန်ထမ်းများ၏နေထိုင်ရေး အဆင်ပြေစေရေးလိုအပ်ချက်များကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်ပေးရန် မှာကြားသည်။
Jul 12, 2022
မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ကုန်သွယ်မှုပိုမိုတိုးမြှင့်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန တိုးချဲ့ခန်းမဆောင်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Jul 12, 2022
အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒို ဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
Jul 12, 2022
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ယနေ့နံနက် ၈ နာရီတွင် စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၀၁) သင်တန်းဖွင့်ပွဲကျင်းပရာ ပါမောက္ခချုပ်(ကိုယ်စား) ဒုတိယပါမောက္ခချုပ်(စီမံခန့်ခွဲရေး)က သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ် (သင်ကြားရေး)၊ ဌာနကြီးမှူးများ၊ ပါမောက္ခ (ပညာဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ ကထိကများ၊ ဌာနခွဲမှူးများ၊ သင်တန်းမှူးများ၊ လက်ထောက်ကထိကများ၊ ဌာနစုမှူးများ၊ သင်ကြားပို့ချမည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
Jul 12, 2022
ဗန်းမော်မြို့နယ်နှင့် မြဝတီမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။