Skip to main content

မိတ္ထီလာမြို့နယ် Sein Daung Superstore သို့ ဈေးကွက်စောင့်ကြည့်စစ်‌ဆေးခြင်း

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မိတ္ထီလာမြို့နယ်၊ Sein Daung Superstore သို့ သွားရောက်၍ စားသောက်ကုန်၊ မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး (၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန်ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက် ရောက်နေပြီ ဖြစ်ကြောင်း၊ လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သက်၍ ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓာတ်မတည့်ကြောင်း‌ ဖော်ပြချက်တို့ကို စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန်များကိုသာ ရောင်းချ သွားရန်နှင့် ကုန်အညွှန်း မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည်ဖြစ်ကြောင်း၊ အဆိုပါအချက်အလက်များ ပါဝင်သည့် အမှတ်အသား ပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေ ပုဒ်မ (၇၃) အရ (၂) နှစ် ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း (၂၀၀) ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသားတပ်ဆင်ရန် နားမလည်၍ အခက်အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါက စားသုံးသူ ရေးရာ ဦးစီးဌာနသို့ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် လည်းစားသုံးသူရေးရာ ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိရှိလိုပါက DOCA Myanmar Mobile Application နှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များအား ဖြန့်ဝေ ခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်ဝန်ထမ်းများသည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ (၁၃:၀၀)အချိန်တွင် မိတ္ထီလာမြို့နယ်၊ Sein Daung Superstore သို့သွား ရောက်၍ စားသောက်ကုန်၊မုန့်မျိုးစုံနှင့် လူသုံးကုန်တို့တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်း ဖော်ပြခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့သည်။

ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် ဆိုင်လုပ်ငန်းရှင်များအား လက်ရှိရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်များကို စားသုံးသူကာကွယ်ရေး (၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြလာစေရန် ရည်ရွယ်၍ စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဖြစ်ကြောင်းနှင့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှစ၍ စတင်အာဏာသက်ရောက် နေပြီဖြစ်ကြောင်း၊လုပ်ငန်းများအနေဖြင့် မိမိတို့ရောင်းချသည့် ကုန်စည်နှင့်ပတ်သတ်၍ ပါဝင်ရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် (သို့) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ဓါတ်မတည့်ကြောင်း‌ ဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် မဖြစ်မနေထည့်သွင်း ဖော်ပြရမည် ဖြစ်ကြောင်း၊ အဆိုပါ အချက်အလက်များ ပါဝင်သည့် စားသောက်ကုန်နှင့် မုန့်မျိုးစုံနှင့် လူသုံးကုန် များကိုသာ ရောင်းချသွားရန်နှင့် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာမပါရှိပါက မည်သည့်စီးပွားရေး လုပ်ငန်းရှင်မဆို စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ (၇၃) အရ (၂) နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း (၂၀၀) ထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်(၂)ရပ်လုံးဖြစ်စေ အရေးယူမှုများ ပြုလုပ်နိုင်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ကုန်အညွှန်း အမှတ်အသား တပ်ဆင်ရန် နားမလည်၍ အခက်အခဲဖြစ်သော လုပ်ငန်းရှင်များရှိပါက စားသုံးသူရေးရာ ဦးစီးဌာနသို့ လာရောက် တိုင်ပင်ဆွေးနွေးနိုင်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စားသုံးသူရေးရာဦးစီးဌာန ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို သိရှိလိုပါက DOCA Myanmar Mobile Applicationနှင့် စားသုံးသူရေးရာဦးစီးဌာန၏ Website www.doca.gov.mm တွင် ဝင်ရောက်လေ့လာတိုင်ကြားနိုင်သည်ကို ဆွေးနွေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ ကြောင်း သိရသည်။       

DOCA(မန္တလေး)