နယ်ရုံးများ၏သတင်းများ

May 25,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ သိရှိနိုင်စေရန်အတွက် အသိပညာပေးTalk show ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းကလူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်ခဲ့သည်။   
May 25,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် လူထုအခြေပြုဗဟိုဌာန Community Center   ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က အခြေခံပန်းချီပညာသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 25,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိနားလည်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန် က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
May 25,2022
ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကော့သောင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့တို့ပူးပေါင်းကာ ၂/၂၀၂၂ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ရုံး(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
May 25,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
May 24,2022
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ(MPC)က ပြည်ခရိုင်အတွင်း သတင်းမီဒီယာသမားများထံ “သတင်းအမှန် - ပြည်သူ့ထံ” လက်ကမ်းစာစောင်များ ပေးအပ်ပွဲ အခမ်းအနားကို ပြည်မြို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
May 24,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​​နောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန်၊ စာအုပ်စာပေများအား လေ့လာဖတ်ရှုလာစေရန်၊
May 24,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်းရှိ ရေလမ်းခရီးသွားပြည်သူများအား မုန်တိုင်းဘေးအန္တရာယ်ဆိုင်ရာ များကိုသိရှိပြီး ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်စေရန်အတွက် ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့ပူးပေါင်း၍ မြစ်နားတန်းရပ်ကွက်ရှိ ဂျပန်မဆိပ်ကမ်းသို့သွားရောက်ကာ မုန်တိုင်းအန္တရာယ်ကြိုတင် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။