ရေဖြူ မေ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် စွန့်ပစ်ပစ္စည်းဖြင့် ပန်းအိုးပြုလုပ်နည်းကို ယနေ့နံနက် ၉ နာရီအချိန်ကစ၍ (၁၁)နာရီအထိ ပို့ချသင်ကြားပေးခဲ့သည်။
ရှေးဦးစွာ ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က နွေရာသီကျောင်းပိတ်ရက်များ၌ ကလေးလူငယ်လူရွယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စွန့်ပစ်ပစ္စည်းများအား အသုံးပြုနိုင်သည့်ပစ္စည်းအဖြစ် ပြန်လည်ပြုလုပ်ခြင်း(Recycle) ဖြင့်ရရှိလာသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဦးစီးအရာရှိဒေါ်ဖြူဖြုရှိန်က ရေသန့်ဘူးခွံ၊ အအေးဘူးခွံတို့ဖြင့် စားပွဲတင် ပန်းအိုး၊ ချိတ်ဆွဲပန်းအိုးတို့ကို ပြုလုပ်ပြီး လက်တွေ့ဆောင်ရွက်စေရာ ကလေး (၂၀)ဦးတို့ စိတ်ပါ ဝင်စားစွာ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဖြူဖြူရှိန်(ရေဖြူ)