ကလိန်အောင် မေ ၂၃
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းနှင့်(Youth Club)လူငယ်အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ ဦးဖြိုးကြွယ်မြင့် ရေးသားထားသည့် "အောင်မြင်မှုသို့စေညွှန်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ကလိန်အောင်မြို့ ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ဒေါ်ခင်ခင်လဲ့က ပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူငယ်များအနေဖြင့် စာဖတ်ဝိုင်းများ ဆောင်ရွက်ပေးခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေး၊ အသိပညာ ဗဟုသုတများ မျှဝေနိုင်ရေးနှင့် စာပေချစ်မြတ်နိုးသူများ ရင်းနှီးမှုရရှိစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စာရေးဆရာ "ဦးဖြိုးကြွယ်မြင့်" ရေးသားထားသော"အောင်မြင်မှုသို့စေညွှန်ရာ"စာအုပ်ပါ အသိပညာပေးဆောင်းပါးများကို (Book Club) စာအုပ်စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဒေါ်ငွေစံပယ်ဖူးနှင့် စာပေဝါသနာရှင်ဒေါ်သင်းနန္ဒာလင်းနှင့်(Youth Club) လူငယ်အဖွဲ့ဝင်ဦးသီဟအောင်တို့က စာအုပ်ပါ အသိပညာပေးဆောင်းပါးအကြောင်းအရာများနှင့်ပတ်သက်၍ ၎င်းတို့၏ အတွေးအမြင်၊ အသိပညာများကို အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဖွဲ့စည်းထားသော Club အဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များနှင့်လည်း ကောင်း လစဉ်ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ခင်လဲ့(ပြန်/ဆက်)