မိုးညှင်း မေ ၂၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ကျောင်းသား ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အားလပ်သည့်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက် အရိုးဗစ်အတတ်ပညာကို လေ့လာတတ်မြောက်စေရန် ရည်ရွယ်ပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အေရိုးဗစ်သင်တန်းကို ယနေ့ နံနက် (၁၀)နာရီအချိန်မှစတင်၍ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက အေရိုးဗစ်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ သင်တန်းတွင် မိုးညှင်းမြို့ပေါ်ရှိ စာသင်ကျောင်းများမှ ကျောင်းသား ကျောင်းသူ (၂၅)ဦး တက်ရောက်ကြပြီး သင်တန်းနည်းပြအဖြစ် ကျောင်းဆရာ ဦးဝင်းမင်းထွန်းက သင်ကြားပေးလျက်ရှိရာ သင်တန်းကို မေလ (၂၃)ရက်နေ့မှ (၂၉)ရက်နေ့ထိ ရက်သတ္တပတ်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်(ပြန်/ဆက်)