နယ်ရုံးများ၏သတင်းများ

May 26,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကိုဒေသနေပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့ ညနေ ၃ နာရီက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စကားပုံဆက်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 26,2022
မိတ္ထီလာမြို့နယ်တွင် သဘာဝဘေးဖြစ်ပွးမှုများအပေါ် ထောက်ပံ့ထားရှိမှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
May 26,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်းရှိ လူငယ်လူရွယ်လေးများအနေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကို သိရှိနားလည်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
May 25,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
May 25,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ငူခရိုင်ရုံးမှ ​ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်စေရန်၊ ​ပြည်သူများ စာပေနှင့် အဆက်မပြတ်ထိတွေ့မှု ရှိစေရန်၊ စာပေဖတ်ရှု လေ့လာလိုသည့် ​ပြည်သူများထံသို့ စာအုပ်များ အရောက်ငှားရမ်းပေးနိုင်ရန် ရည်ရွယ်၍ တောင်ငူမြို့ရှိ ဌာနဆိုင်ရာရုံးများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် သွားရောက်ကာ ယနေ့ နံနက်ပိုင်းက စာအုပ်များ ငှားရမ်းပေးလျက်ရှိသည်။
May 25,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညောင်လေးပင်မြို့နယ်ရုံးမှ Mobile Library စနစ်ဖြင့် ညောင်လေးပင််မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများသို့ စာအုပ်၊ စာစောင်များကို အခမဲ့ သွားရောက်ငှားရမ်း ပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြသည်။