မဘိမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

မဘိမ်း မေ ၂၃                     

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးနှင့် အရေးပေါ် အသက်ကယ်ရန်အခြေအနေကျရောက်လာပါက ရှေးဦးသူနာပြုစုနည်းများကို တတ် သိနားလည်စေရန်အတွက်  ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးကျော်မင်းစိန်က ကြက်ခြေနီအသင်း စတင်ပေါ်ပေါက်လာပုံနှင့် ကြက်ခြေနီအသင်း၏ ဆောင်ရွက်သည့်မူ(၇)ချက်၊ အသင်း၏ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ  သင်တန်းသား၊ သင်တန်းသူ ကျောင်းသားလူငယ် စုစုပေါင်း (၂၃)ဦး တက်ရောက်ခဲ့ကြပြီး အခြေခံရှေးဦးသူနာပြုစုခြင်းဆိုင်ရာ ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)