မန်တုံ မေ၂၃
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ပိုင်းအချိန်က စာဖတ်ခြင်းအကျိုး အသိပညာပေးဟောပြောပွဲကို အထက်တန်း ကျောင်းသား/သူများနှင့် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဟောပြေပွဲတွင် ဦးစီးအရာရှိ ဒေါ်ယုယုအောင်က စာဖတ်ခြင်းဖြင့် အတွေးအခေါ်မမြော်အမြင် ကျယ်ပြန့်မှု၊ဗဟုသုတမြင့်မားမှု၊ မျှော်မှန်းချက်ကောင်းမွန်၍ စာကောင်းပေမွန် ရွေးချယ်ဖတ် ခြင်းပေါ်မူတည်လျက်ရှိခြင်း၊ စာဖတ်ခြင်းဖြင့် လူတစ်ဦးချင်း၏ အသိအမြင်ကျယ်ပြန့်စေသလို ဗဟုသုတတိုးပွားခြင်းနှင့် အတွေးအခေါ် ရင့်သန်ခြင်းကိုဖြစ်ပေါ်စေခြင်း၊ စာဖတ်ခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတမြင့်မားလာသလို အကောင်းအဆိုး အကြောင်းအကျိုးမှန်ကန်စွာ ချင့်ချိန်ဝေဖန်ဆုံးဖြတ်လာနိုင်ခြင်း၊ ကောင်းမွန်သော အနာဂတ်ကို လှပစွာပုံဖော်လာနိုင်ခြင်း၊ ရှေ့ဆောင်လမ်းပြဖြစ်လာပြီး နောက်လိုက်သူများအပေါ် မှန်ကန်စွာ လက်တွဲခေါ်ဆောင်လာနိုင်ခြင်း၊ စာများများဖတ်ကြစေလို့၍ စာကြည်တိုက်သို့နွေရာသီ ကျောင်းပိတ်ကာလ အတွင်းယင်ခင်ထက် လာရောက်အသုံးပြုကြစေ လိုပါကြောင်း စသဖြင့်စာပေအကျိုး ဟောပြောဆွေးနွေးခဲ့ပါသည်။
မန်တုံ(ပြန်/ဆက်)