နယ်ရုံးများ၏သတင်းများ

Sep 04,2022
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် နိုင်ငံတကာ သတင်းမီဒီယာကောင်စီများ ပူးပေါင်း ဆောင်ရွက်မှု အတွေ့အကြုံ ရှင်းလင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စုပေါင်းခန်းမ၌ ကျင်းပရာ   မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)က  အဖွင့်အမှာစကား ပြောကြားသည်။
Sep 04,2022
ပြည်သူများ၊ အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲများ‌‌ ဆောင်ရွက်ရာ၊ နှီးနှောတိုင်ပင်ရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre  ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် စာရေးဆရာအသင်းမှ  ညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 04,2022
ကယားပြည်နယ်၊ ၂၀၂၂ခုနှစ်၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ပြည်နယ်အဆင့်) ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်ကလွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 04,2022
ပြည်ထောင်စုနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာအုပ်စု နေပြည်တော် ကောင်စီ လမ်းဘေးရှိ ဧက(၅၀၀)ကွင်းအတွင်းရှိ၊ ကွင်းအမှတ် (၁၆၃၆က) တောင်သူ ဦးတင်ထွန်းအပိုင် လယ်(၅)ဧကပေါ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် ဓါတ်မြေသြဇာနှင့် သဘာဝမြေဩဇာ (၁:၃) ရောစပ်ကြဲပက်ပွဲနှင့် တမန်းနှိုးစက်ဖြင့် တမန်းနှိုးခြင်း၊ ဆေးဖျန်းစက်ဖြင့် ဆေးဖျန်းခြင်းသရုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
Sep 03,2022
လူငယ်လူရွယ်များ အားလိပ်ချိန်အား အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန်ရည်ရွယ်၍ အခြေခံဂစ်တာတီး၊ တယောထိုး၊ ကီးဘုတ် တီးနည်း သင်တန်းကို ယနေ့နံနက်(၉)နာရီအချိန်က မကွေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 03,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ လူကုန်ကူးမှုအန္တရာယ်ဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပသည်။
Sep 03,2022
မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပညာအထက်တန်းအဆင့် စာဖတ်ရှိန်မြှင့်တင်ရေးကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ကြောင်း သိရသည်။
Sep 03,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။