နယ်ရုံးများ၏သတင်းများ

Sep 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ​အသိပညာပေး သုတ၊ ရသစာပေများနှင့် အဆက်မပြတ်ထိတွေ့မှုရှိစေရန် ရည်ရွယ်၍ တောင်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် ယနေ့နံနက် ၉ နာရီခွဲက စာအုပ်များ သွားရောက်ငှားရမ်းပေးလျက်ရှိသည်။
Sep 05,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန်နှင့် မစားသင့်သော အစားအသောက်များအား သိရှိစေရန်အတွက် ရည်ရွယ်၍ အသိပညာပေးနံရံကပ်စာစောင်ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နံရံကပ်စာစောင်ပြဘုတ်တွင် ယနေ့နံနက် ၉ နာရီက ခင်းကျင်း ပြသထားကြောင်း သိရသည်။
Sep 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ ပူးပေါင်း၍ Online စနစ်ဖြင့် အမှိုက်များစနစ်တကျစွန့်ပစ်ရေး အသိပညာပေး (Talk Show) ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က နမ္မတူမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 05,2022
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်စာရေးဆရာအသင်း လစဉ်ပုံမှန် အစည်းအဝေးကျင်းပ ဆောင်ရွက်ကြောင်းသိရသည်။
Sep 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ (၁၅)နာရီ (၄၅)မိနစ်အချိန်က ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများနှင့် လည်းကောင်း (၁၆)နာရီ (၁၇)မိနစ်အချိန်က ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဖျာပုံခရိုင်ရုံးနှင့်ဒေးဒရဲမြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျောင်းသား/ကျောင်းသူများ စာအုပ်စာစောင်များနှင့် ရင်းနှီးမှုရှိစေရန်နှင့် စာဖတ်ရှိန်မြင့်မားလာစေရန်၊ စာကြည့်တိုက်ကို အသုံး ချတတ်စေရန်နှင့် စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်း၀င်မှုရှိလာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Sep 05,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်သည် စက်တင်ဘာလ (၃)ရက်နေ့ မွန်းလွဲ ၂ အချိန်ခန့်က မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် မအူပင်ခရိုင်ရုံးနှင့် ညောင်တုန်းမြို့နယ်ရုံး၊ ပန်းတနော်မြို့နယ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Sep 04,2022
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် ဒေသတွင်း စားသုံးဆ ဖူလုံမှုရှိစေရန်နှင့် တောင်သူများ ထယ်/ထွန်စရိတ်များ သက်သာပြီး ဆောင်းနေကြာ အချိန်မီ စိုက်ပျိုးနိုင်ရန်အတွက် မြေပြုပြင်ခြင်း လုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။