နယ်ရုံးများ၏သတင်းများ

Jul 22,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး နမ့်ဆန်ဒေသရုံးသည် ရုံးဝန်ထမ်းများ အရည်အသွေးမြင့်မားရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ
Jul 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်နှင့် အသိပညာဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Talk   Show ကို ယနေ့နံနက်(၁၀)နာရီအချိန်က သံတောင်ကြီးမြို့နယ် (Community Centre)ခန်းမတွင် ပြုလုပ်ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
Jul 22,2022
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား/ကျောင်းသူများအားယနေ့ နံနက်(၉)နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)ကျောင်း၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 22,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများအနေ ဖြင့် ကာယ၊ ဉာဏ်ဏဖွံ့ဖြိုး တိုးတက်လာစေရန်အတွက် အခြေခံ ပညာအလယ်တန်းအဆင့် ကဗျာရွတ်ဆို၊ ပုံပြင်ပြော၊ စာဖတ်စွမ်းရည်နှင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲများအတွက်  ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း ၌ လေ့ကျင့်ဆောင်ရွက်ပေးခဲ့ကြသည်။
Jul 22,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က စာပေဆွေး နွေးခဲ့ကြောင်းသိရသည်။
Jul 22,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆိုင်ရာများအကြောင်းအရာများအား ပြည်သူများ သိရှိနိုင်စေရန်ရည်ရွယ်၍လူဦးရေနှင့် သဘာဝပတ်ဝန်းကျင် အသိပညာပေးဆွေးနွေးပွဲ (Talk Show)ကို ယနေ့နံနက်၉နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 22,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ အသိပညာပေးစာပေဟောပြောပွဲကို ဦးရဲမင်းစိုး(တရားလွှတ်တော်ရှေ့နေ) စာရေးဆရာ မောင်မောက်(ဝတ်လုံ)နှင့်ယမန်နေ့ မွန်းတည့်၁၂:၀၀ က ကျင်းပပြုလုပ်ခဲ့ သည်။
Jul 22,2022
ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မြို့နယ် ပြန်/ဆက် ဝန်ထမ်းများနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် စာဖတ်ပရိတ်သတ်တို့ ပူးပေါင်း၍ စာရေးသူရနံ့သိုက် ရေးသားသော “သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ” (လူငယ်တို့အတွက် စိတ်ဓာတ်ခွန်အားဖြည့်စာစုများ) စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ်တစ်နာရီက ကျင်းပပြုလုပ်ခဲ့သည်။