နယ်ရုံးများ၏သတင်းများ

Jul 20,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန် မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ်် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှု​ဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက် (၈) နာရီ အချိန်က ​နန်းဟူးကုန်း​ကျေးရွာ၌ အသိပညာ​ပေးနှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။
Jul 20,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 20,2022
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းသားသမီးများ ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲနှင့် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှကြီးမှူးကျင်းပသည့် ပုံပြောပြိုင်ပွဲ(ပထမဆုရ)ရှိသည့် ကျောင်းသားအား ဂုဏ်ပြုဆုပေးအပ်ပွဲကိုကျင်းပပြုလုပ်ခဲ့သည်။
Jul 20,2022
ပြည်သူများစာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်နှင့် အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်း များရရှိလာစေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Comunity Centre) ခန်းမတွင် ယနေ့ နံနက်ပိုင်းက စာအုပ်စာပေဝါသနာရှင်များ (Book Club) နှင့်ပူးပေါင်း၍ စာရေးဆရာမ ဒေါက်တာမတင်ဝင်း၏ “ရေကြည်ချမ်းမြ” စာအုပ်ဖြင့် မုဒိတာစာဖတ်ဝိုင်းပြုလုပ်ခဲ့ ကြောင်း သိရသည်။
Jul 20,2022
လူငယ်များစာ​ပေဖတ်ရှု​လေ့လာပြီး ဗဟုသုတရရှိ​စေရန်ရည်ရွယ်၍ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့​နံနက် ၉:၃၀ နာရီက စာ​ရေးဆရာ​မြေလတ်ထင်​ကျော်မိုးနှင့် "လူငယ်နှင့်စာ​ပေ" Talk Show ကျင်းပဆောင်ရွက်ခဲ့သည်။
Jul 20,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်"ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်မှုများကို ဒေသနေပြည်သူများ သိရှိစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နေ့စဉ်မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 20,2022
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်းပြီး မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  ဆံပင်အလှပြင်နည်းသင်တန်း(အခမဲ့)ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့ကြောင်းသိရသည်။
Jul 20,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ.ထ.က(၂) ပညာ့ဗိမာန်ခန်းမတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ပူးပေါင်း၍ ဇူလိုင်လ ၁၈ ရက်နေ့ နံနက် ၁၁ နာရီတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။