နယ်ရုံးများ၏သတင်းများ

Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ဒေသနေပြည်သူများ အသိပညာဗဟုသုတများရရှိနိုင်စေရန်အတွက် အသိပညာပေးနံရံ ကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားလျက်ရှိကြောင်း သိရသည်။
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကျောင်းသားကျောင်းသူများအနေဖြင့် ကာ ယ၊ဉာဏ်ဏဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက်  စိတ်ကြိုက်ပန်းချီရေးဆွဲခြင်းနှင့် ခုံလုပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်း၌ ဆောင်ရွက်ခဲ့သည်။  
Sep 05,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်​နေ့တွင်ကျ​ရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်​ရေး​နေ့ အထိမ်းအမှတ်အဖြင့် ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာ​​ရေးဆရာမ​ပေါက်​​ပေါက်နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာ​ပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ဉာဏစွမ်းရည် များဖွံ့ဖြိုးတိုးတက်စေရန်  ယနေ့နံနက်(၉)နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
Sep 05,2022
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre တွင် ယနေ့နံနက် (၁၀)နာရီက စာရေးဆရာမ သဒ္ဓါဆွေ၏ စိတ်၏ခြေရာ ဖြန့်ကျက်ခြင်း စာအုပ်မိတ်ဆက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 05,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင်စာဖတ်ခြင်း၏အကျိုးကျေးဇူးသိရှိစေရန်လူငယ်လူရွယ်များ  အကောင်းဆိုးအမှားအမှန်  ဝေဖန်ပိုင်းခြားနိုင်ရန်နှင့်  အသိပညာဗဟုသုတများ ကြွယ်ဝလာ စေရန်ရည်ရွယ်ပြီး   Book  Club အဖွဲ့ဝင်များက    စာရေးဆရာ ဦးခင်မာလာ (ကြာဖြူ) ၏   “ယုန်ကလေးနှင့် နာစေးနေသည်” စာအုပ်အားယနေ့နံနက် (၁၀) နာရီအချိန်က  သံတောင်ကြီး မြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre  ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Sep 05,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)နာရီက  လူထုအခြေပြုဗဟိုဌာနတွင် အခြေခံ တိုင်းရင်းဆေးပညာရက်တိုသင်တန်း (အခဲမဲ့) သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Sep 05,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက ပုရွက်ဆိတ်ကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (သစ်လေးလုံး)နှင့် ကျီးအင်းကျေးရွာတို့သို့ သွားရောက်ငှားရမ်း ပေးကြသည်။