လဲချားမြို့နယ်တွင် သဘာဝဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

လဲချား စက်တင်ဘာ ၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre)ခန်းမတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးမှ ကျောင်းသား/သူများအား အသိပညာဗဟုသုတ ရရှိစေရန်နှင့် ရာသီဥတုကြောင့် ဖြစ်ပေါ်တတ်သောဆိုးကျိုးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မီးဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ လေမုန်တိုင်းအန္တရာယ်၊ မြေငလျင်အန္တရာယ်၊ မိုးကြိုးအန္တရာယ်၊ လျှပ်စစ်အန္တရာယ်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး သဘာဝဘေးအန္တရာယ်ကြုံလာပါက ဆောင်ရွက်ရမည့် အကြောင်းအရာများကို အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား/သူ (၂၅)ဦးခန့်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

(လဲချား၊မြို့နယ်/ပြန်ဆက်)