နယ်ရုံးများ၏သတင်းများ

Aug 31,2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းနှင့် ငှားရမ်းထားသောစာအုပ်များ ပြန်လည်သိမ်းဆည်းခြင်းကို ယနေ့နံနက် ၉ နာရီက လှည်းကူးမြို့နယ်တိုင်းရင်းဆေးကုဌာနသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Aug 31,2022
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ မိဘပြည်သူများအား ပညာရေးကျန်းမာရေး စီးပွားရေးလူမှုရေးနှင့် အခြားသောအထွေထွေဗဟုသုတများ ရရှိတိုးပွားလာစေရေး သိသင့်သိထိုက်သည်များကို သိရှိနားလည်လာနိုင်စေရေးအတွက် ဟောပြောပွဲများ နံရံကပ်စာ‌စောင်များနှင့် ဓာတ်ပုံပြပွဲများ စာဖတ်ရှိန်မြင့်မားလာစေရေးအတွက် ကျေးလက်စာကြည့်တိုက်များဖွင့်လှစ်ခြင်းနှင့် စာဖတ်စာငှား ပြည်သူ့လက်ဝယ်အရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာ‌စောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
Aug 31,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန်မှ စတင်ကာ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောခြင်း၊ နံရံကပ်ဓါတ်ပုံပြသခြင်း၊ စာအုပ်စာစောင်များ ပြသငှားပေးခြင်းများ ဆောင်ရွက်ကြသည်။
Aug 30,2022
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်  စာဖတ် ရှိန်မြှင့်တင်ရေး၊ စာပေမှရရှိသော ဗဟု သုတတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့် တိုက်သို့ လာရောက်၍ စာအုပ်၊ စာစောင်များ မငှားရမ်းနိုင်သည့် ဝန်ထမ်းများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက် လိုက်လံငှားရမ်းပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက မီးသတ်ဦးစီးဌာနသို့ သွား ရောက်ငှားရမ်းပေးခဲ့ကြောင့် သိရသည်။
Aug 30,2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community centre)ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာမြင်းခြံကျော်အောင်၏ ကြီးပွားအောင်မြင်အောင် ပန်းကိုဆင်စာအုပ်ကို စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Aug 30,2022
မြစ်ကြီးနားခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၁) နယ်စပ်‌‌ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ ပူးပေါင်း၍ ကျောင်းသား လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရုံသာမက စဉ်းစားတွေးခေါ်နိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ဩဂုတ် ၂၈ ရက်နေ့ နံနက် ၉ နာရီက ဧရာရပ်ကွက်ရှိ အမှတ် (၁) နယ်စပ်‌‌ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
Aug 29,2022
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကိုကိုးကျွန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်များ၊ သဘာဝဘေးနှင့်ပတ်သက်သည့် စာအုပ်စာစောင်များကို ခင်းကျင်းပြသထားကြောင်းသိရသည်။
Aug 29,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း ၍ ၂၀၂၂ ခုနှစ် စက်တင်ဘာ(၁၃)ရက်နေ့တွင်  ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို  အလယ်တန်းအဆင့်စာဖတ်စွမ်းရည် ပြိုင်ပွဲကိုယနေ့နံနက်(၉)နာရီက  မြို့နယ်ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပခဲ့သည်။