ဒဂုံမြောက် စက်တင်ဘာ ၄
ပြည်သူများ၊ အသင်းအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲများ ဆောင်ရွက်ရာ၊ နှီးနှောတိုင်ပင်ရာ၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် စာရေးဆရာအသင်းမှ ညှိနှိုင်း အစည်းအဝေး ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် မြို့နယ် စာရေးဆရာ အသင်းမှ ဥက္ကဋ္ဌ ဦးလှမြင့် (အောင်သျှံဝိုင်း-ကျိုက်မရော)က မြို့နယ်အတွင်း သက်ကြီးစာရေးဆရာများ သက်ကြီးပူဇော်ပွဲ ဆောင်ရွက် ကျင်းပနိုင်ရန်အတွက် မိမိတို့ မြို့နယ်အတွင်းတွင် အနုပညာရှင်များ၏ အကူအညီဖြင့် ရန်ပုံငွေရရှိရေး ညှိနှိုင်းဆောင်ရွက်ရန်၊ မြို့နယ် စာရေးဆရာ အသင်းအဖွဲ့ဝင်များ၏ သားသမီးများအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်မှု မကျန်ရှိစေရေး ကော်မတီဝင်များမှ ညှိနှိုင်း ဆောင်ရွက်သွားရန်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် စာဖတ်ဝိုင်းများ၊ Talk Show များပူးပေါင်း ဆောင်ရွက်ပေးသွားရန် ဆွေးနွေးခဲ့ပြီး ကော်မတီဝင်များက အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိ သည်။
မြင့်မြင့်ရီ