နယ်ရုံးများ၏သတင်းများ

Sep 12,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်ရေး ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အလက(ခွဲ)တောင်ပိုင်း ကျောင်း၌ ပြုလုပ်ခဲ့သည်။
Sep 12,2022
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် မြို့နယ်ပညာရေးဌာနတို့ ပူးပေါင်း၍ အခမ်းအနားမှူး သင်တန်းဖွင့်လှစ်ခြင်းကို ယနေ့နံနက် (၉)နာရီခွဲက မြို့နယ်ရုံးလူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
Sep 12,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ သတိုးနွယ်ရေးသားထားသည့် "သူတို့ဘာကြောင့် အောင်မြင်သွားကြတာလဲ" စာအုပ်အား ယနေ့နံနက် (၉) နာရီခွဲက စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2022
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့်  ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌ ယနေ့နံနက် ၁၀:၀၀ နာရီက စာရေးဆရာမပေါက်ပေါက်နှင့် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်းသိရှိစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင်စာရေးဆရာ ဒေါက်တာကျော် စိန်ရေးသားသော "လူငယ်လမ်းညွှန် "စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ဒေသနေပြည်သူများ အသိပညာပြန့်ပွားရေးအတွက် နံရံကပ်စာစောင်များတွင် ဒေသတွင်းသတင်းဓာတ်ပုံများ၊ ကြော်ငြာများဖြင့် ဝေဝေဆာဆာပြသဆောင်ရွက်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင်“ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်  တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်”  အသိပညာပေး နံရံကပ် စာစောင်များကို ယနေ့နံနက် ၁၀  နာရီအချိန်ကပြသထားကြောင်း သိရသည်။
Sep 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်း သူများမှ ဗဟုသုတတိုးပွားစေရန် စာအုပ်များ နေ့စဉ်ငှားရမ်းလျက်ရှိကြောင်း  သိရသည်။