နယ်ရုံးများ၏သတင်းများ

Sep 09,2022
ကရင်ပြည်နယ်၊ ဘာအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသားလူငယ်များအနေဖြင့် အဖိတ်/ဥပုဒ်ကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရေး၊ ပြည်သူ့စာကြည့်တိုက်ကို ယုံကြည်အားကိုးလာရောက်ကာ ဉာဏ် ရည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စိတ်အပန်းဖြေပျော်ရွင်စေရေးအတွက် ပြိုင်ပွဲများ လေ့ကျင့်ပြုလုပ်ပေးလျက်ရှိရာ ယ‌မန်နေ့က လူထုအခြေ ပြုဗဟိုဌာန ကလေးစာဖတ်ခန်းတွင် ကလေးငယ်များစာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက်ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့သည်။
Sep 09,2022
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပပြုလုပ်သည်။
Sep 09,2022
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့်  အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ (လူငယ်နှင့် ပညာဆိုင်ရာစာစု) စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 09,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလေးများ ကာယ၊ ဉာဏစွမ်း ရည်များဖွံ့ဖြိုးတိုးတက်စေရန် ယမန်နေ့မွန်းလွဲ (၃) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ် ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
Sep 09,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊
Sep 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း ၍ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
Sep 08,2022
ကျောင်းသား၊ကျောင်းသူများ ကျောင်းစာအပြင်  ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်နှင့် စာပေဖတ်ရှုမှုစာဖတ်ရှိန်နှုန်း မြင့်မားတိုးတက်စေရန် ရည်ရွယ်ချက်တို့ဖြင့် ယနေ့နံနက် ၁၁ နာရီက ကရင်ပြည်နယ်၊  မြဝတီခရိုင် ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန် ထမ်းများသည်အခြေခံ ပညာအထက်တန်းကျောင်းထ-ခွဲ(၁)တွင်Mobile Libraryကွင်းဆင်းဆောင်ရွက်ပေးသည်။
Sep 08,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌