Aug 15,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေဖတ်ရှုလေ့လာမှုဖြင့် လူသားတိုင်းကို ကောင်းကျိုးပြုနိုင်ရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် (Mobile Library)မော်တော်ယာဉ်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ သင်တန်းကျောင်းများ၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအရောက် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းဝန်ဆောင်မှု ပေးခြင်းကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အ-ထ-က(ခွဲ)အုန်းတပင်၊ အုန်းတပင်စာကြည့်တိုက်နှင့် အ-ထ-က(ခွဲ-၃) ကျောင်းများသို့ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။