ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြာပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

ရှမ်းရွာသစ်   စက်တင်ဘာ  ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၁၃)ရက်နေ့တွင်ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များပြသ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက လူကုန်ကူးမှုဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ ကလေး၊ အမျိုးသမီးများ၊ အမျိုးသားများ လူကုန်ကူးခံရပါက ခံစားရသည့်ဒုက္ခများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ စသည့် အသိပညာပေးအကြောင်း အရာများကို ကျောင်းသား/သူများအား ရှင်းလင်းဟောပြာခဲ့သည်။

ထို့နောက် ကျောင်းသား/သူများ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားစေရေးအတွက် တိုင်းရင်းသားရုပ်ပုံစာအုပ်များကို ခင်း ကျင်းပြသခြင်းနှင့် လူကုန်ကူးမှုအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို အကျယ်တဝင့်သိရှိစေရေးအတွက် နံရံကပ် စာစောင်များကိုလည်း ပြသဆောင်ရွက်ထားမှုကို ကျောင်းသား/သူများက စိတ်ဝင်စားစွာကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်းသိရသည်။

ဇင်လေး(ပြန်/ဆက်)